Monday, July 6, 2020

ကိုဗစ်ဒုတိယလှိုင်းကြောက်ဖို့လိုဟု ဒေါက်တာဇော်မြင့််မောင် သတိပေး

ကိုဗစ်ကပ်ရောဂါသည် အင်မတန်အရေးကြီးပြီး ဒုတိယလှိုင်းကို ပေါ့ပေါ့ဆဆသ ဘောမထားဘဲ ကြောက်သင့်သည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သတိပေးပြောကြားသည်။
ကိုဗစ်က အရေးကြီးတယ်နော်။ ဒုတိယလှိုင်းက ကျွန်တော် ကြောက်တယ်။ ခင်ဗျားတို့လည်း ကြောက်သင့်တယ်’’ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။ ဇူလိုင် ၅ ရက်က နေပြည် တော် ဥတ္တရသီရိမြို့နယ်တွင် ဒီချုပ်ပါတီ၏ ယာယီဌာနချုပ်ဖွင့်ပွဲအခမ်းအနားအပြီးတွင် မီဒီယာ များ၏မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။‘‘ဖြစ်ပြီဆိုရင် မရှုနိုင်မကယ် နိုင်။ အဲဒီတော့မဖြစ်ခင်ကြိုတင် ကာကွယ်’’ဟု ၎င်းက တိုက်တွန်း ပြောကြားသည်။
ကိုဗစ်ဒုတိယလှိုင်းက ဂရုပြု အလေးထားသည့်အတွက် ပါတီ နှင့်ပတ်သက်သောပွဲတစ်ပွဲမှ မပြု လုပ်ခဲ့ကြောင်း ဒေါက်တာဇော် မြင့်မောင်က ရှင်းပြသည်။ ‘‘အဲဒီတော့ ကျွန်တော်တို့ လည်း ဘာလုပ်နေလဲ၊ ဘာပွဲမှမ လုပ်ဘူး။ အစိုးရပွဲလုပ်တာတွေ တော့ရှိကောင်းရှိမှာပေါ့။ ဒါပေမဲ့ ပါတီနဲ့ပတ်သက်လို့ ဘာပွဲမှလုပ် ဘူး’’ ဟု ၎င်းကဖြည့်စွက်ပြောသည်။ ရွေးကောက်ပွဲအတွက် အ သာစီးရယူသည်ဆိုသည့်ကိစ္စရပ် များနှင့်ပတ်သက်၍ ဒေါက်တာ ဇော်မြင့်မောင်က ငြင်းဆိုသည်။
‘‘အဲဒီတော့ Advantage (အသာစီးယူတာ) ရတယ်ဆိုတာ အသာစီးရတာလဲ။ ကျွန်တော်နား ကိုမလည်ဘူး။ ကျွန်တော်တို့ ဆီ မှာ ဘယ်ပါတီတွေဆိုင်းဘုတ် တင်တယ်။ အများကြီးတက်လာ တာပဲ။ ဘာတစ်ခုမှဝင်မစွက်ပါ ဘူး’’ ဟု ဒေါက်တာဇော်မြင့်မောင် က ဆိုသည်။
Ref ; 7Day

0 comments:

Post a Comment