Saturday, July 25, 2020

ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းတွေကို မြို့နယ်အသီးသီးမှာ ဒီနေ့စကပ်ပြီ

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းတွေကို မြို့နယ်အသီးသီးမှာ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့ စကပ်နေပြီး အဲဒီပထမအကြိမ်မဲစာရင်းတွေကို ရပ်ကွက်ကော်မရှင်ရုံးတွေမှာ (၂)ပတ်ကြာကပ်ပေးသွားမှာလို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ မဲစာရင်းမှာ နာမည်ပါမပါနဲ့ မဲပေးပိုင်ခွင့်ရှိတဲ့(၁၈)နှစ်ပြည့်ပြီးသား မိသားစုဝင်တွေရဲ့နာမည်ပါမပါ သွားကြည့်ကြဖို့လည်း သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။ နာမည်နဲ့ မိသားစုဝင်နာမည်တွေတွေ့ရင် မဲစာရင်းနံပါတ်ကိုမှတ်ထားပြီးတော့ ဒုတိယအကြိမ် အောက်တိုဘာလထဲ မဲစာရင်းထပ်ကပ်တဲ့အခါမှာလည်း ထပ်သွားကြည့်ကြဖို့ နှိုးဆော်ထားပါသေးတယ်။
မဲစာရင်းမှာ နာမည်မပါရင်တော့ ပုံစံ(၃)စာရွက်မှာဖြည့်ပြီး မှတ်ပုံတင် ဒါမှမဟုတ် ယာယီအထောက်အထား တစ်ခုနဲ့ပူးတွဲပြီး နာမည်ထည့်ပေးဖို့ ရပ်ကွက်ကော်မရှင်ကိုတင်ပြရမှာပါ။ မဲမပေးသင့်တဲ့သူတွေပါနေရင်တော့ ပုံစံ(၄)စာရွက်နဲ့ အဲဒီနာမည်ကို ပယ်ဖျက်ပေးဖို့ ရပ်ကွက်ကော်မရှင်ကို ကန့်ကွက်လွှာ တင်ပြလို့ရပါတယ်။
မဲစာရင်းမှာပါတဲ့ နာမည်၊ စာလုံးပေါင်း၊ ဂဏန်းတွေမှားနေရင်တော့ ပြင်ဆင်ပေးဖို့ ပုံစံ(၄-ဂ) စာရွက်နဲ့ရပ်ကွက်ကော်မရှင်ကို တင်ပြနိုင်ပါတယ်။ အဲဒီလိုတင်ပြဖို့ လိုအပ်တဲ့ပုံစံစာရွက်တွေကို သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ အခမဲ့ (အခမဲ့) ရယူနိုင်တယ်လို့ ရပ်ကွက်ရုံးတွေဆီက သိရပါတယ်။
crd-O Media #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment