Monday, July 6, 2020

ကနီမြို့နယ်မှာ ပစ္စည်းပေါင်း အခု(၂၀)ဝန်းကျင်ရှိတဲ့ ရှေးဟောင်းသံထည်ပစ္စည်းများတွေ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ပါဟဲမြောက်ရွာအနီးမှာ ကျေးရွာချင်းဆက် လမ်းခင်းဖို့ ကုန်းကမူတစ်ခုကို တူးဖော်ရာကနေ ရှေးဟောင်းပစ္စည်းလို့ယူဆရတဲ့ သံထည်ပစ္စည်းတွေကို မနေ့ဇူလိုင်(၅)ရက်နေ့ကတွေ့ရှိခဲ့တယ်လို့ ကနီမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိုက်စိုးထွန်း က ပြောပါတယ်။
တွေ့ရှိခဲ့တဲ့ပစ္စည်းတွေကတော့ ပစ္စည်းပေါင်း အခု(၂၀)ဝန်းကျင်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း ပြောပြတာက "ကျွန်တော်တို့ကတော့ ရှေးဟောင်းလို့ယူဆရ တယ်လို့ပဲ ပြောလို့ရတယ်။ ပညာရှင်တွေလာကြည့်မှ ဘယ်နှစ်ခုနှစ်ကဟာဆိုတာ သိရမယ်။ အဲ့ချိန်ကျမှ တိတိကျကျ ပြောလို့ရမယ်။ ပစ္စည်းကတော့ ဓါးတို့၊ လှံတို့ အဲ့လိုပစ္စည်းတွေ့ရတယ်။ အခု လောလောဆယ်တော့ ပါဟဲရွာမှာ ထိန်းသိမ်းထားတယ်။ ရှေးဟောင်းပညာရှင်တွေကို အကြောင်း ကြားထားတယ်။ မနက်ဖြန် တဖက်ခါလောက် ပညာရှင်တွေ နဲ့ သွားကြည့်မယ်"လို့ ပြောပါတယ်။
ဇွန်လအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အင်းဝခေတ်လက်ရာ ကျောက်တုံးပေါ်မှာ ထွင်းထုထားတဲ့ ဗုဒ္ဓဘုရားခြေရာတော်နဲ့ ကျောက်တုံးတွေပေါ်မှာ တိရစ္ဆာန်ပုံတွေကို ထွင်းထုထားတဲ့ လက်ရာတွေကို တွေ့ရှိခဲ့ပါသေးတယ်။
crd-voiceofmyanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment