Tuesday, July 21, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ယာယီဌာနချုပ်ရုံးခွဲ နေပြည်တော်တွင် ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်ရုံးခွဲတွင် ဇူလှိုင် ၂၁ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ(၂) ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံလင်စွာတက်ရောက်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ခြင်း လုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်၍ အဆိုပါအစည်းအဝေးအပြီးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးချယ်ခံမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းစာရင်းကို တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref ; The Mandalay News Journal

0 comments:

Post a Comment