Wednesday, July 22, 2020

အစ္စရေးလ်ဝန်ကြီးချုပ် နှုတ်ထွက်ပေးရေး ပြည်သူများ ဆက်လက် ဆန္ဒပြ

အစ္စရေးလ်နိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ဝန်ကြီးချုပ်နေတန်ယာဟု ရာထူးကနှုတ်ထွက်ပေးဖို့ ထောင်နဲ့ချီတဲ့ပြည်သူတွေက ဝန်ကြီးချုပ်နေအိမ်ရှေ့မှာ ဆန္ဒပြကြပါတယ်။ ပါလီမန်ရှေ့မှာ ဆန္ဒပြပြီးတဲ့နောက် ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ နေအိမ်ရှေ့ကို မနေ့က ဆက်လက်ချီတက်ဆန္ဒပြကြတာပါ။
နေတန်ယာဟုဟာ မီဒီယာသူဌေးတွေဆီကနေ လာဘ်ငွေအများအပြား လက်ခံထားပြီးတော့ အပြန်အလှန်အနေနဲ့ အခွင့်အရေးတွေပေးခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး အကျင့်ပျက်ခြစားမှုစွဲချက်နဲ့ တရားရင်ဆိုင်နေရချိန်မှာ ရာထူးကို ဆက်လက်ဆုပ်ကိုင်ထားတာ၊ ကျဆင်းနေတဲ့ တိုင်းပြည်စီးပွားရေးကို စီမံခန့်ခွဲပုံညံ့ဖျင်းတာတွေကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ဒီအတွက် ပြီးခဲ့တဲ့အပတ်တွေကစပြီး ဝန်ကြီးချုပ်နေတန်ယာဟု ရာထူးကနှုတ်ထွက်ပေးရေး ကြီးမားတဲ့ လူထုဆန္ဒပြပွဲတွေပေါ် ပေါက်နေခဲ့သော်လည်း ဝန်ကြီးချုပ်နေတန်ယာဟုကတော့ သူဘာအမှားမှလုပ်မထားဘူးဆိုပြီး ရာထူးကထွက်ပေးဖို့ ငြင်းဆိုထားပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment