Saturday, July 25, 2020

တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူ ၃၀၀၀ ကျော် ပြောင်းရွှေ့

ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးနှင့်နီးသောကျေးရွာများသို့ ရေများစတင်ဝင်ရောက်လျက်ရှိရာ လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ ရေလွတ်ရာကုန်မြင့်နေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင်ရှိ အိမ်ထောင်စုပေါင်း (၄၁၇) စု၊ လူဦးရေပေါင်း (၃၂၀၆) ဦး၊ တိရစ္ဆာန်ပေါင်း (၂၇၂၃) ကောင်တို့အား ရေလွတ်ရာ ကုန်းမြင့်နေရာများ၊ နီးစပ်ရာဆွေမျိုးများ၏နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။
တံတားဦးမြို့၏ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်သည် (၁၂၆၀) စင်တီမီတာ ဖြစ်ရာ စိုးရိမ်ရေအမှတ်ရောက်ရှိရန် (၅၉) စင်တီမီတာနှင့် ဒုဌဝတီမြစ်ရေ၏စိုးရိမ်ရေအမှတ်သည် (၈၇၀) စင်တီမီတာ ဖြစ်ရာ စိုးရိမ်ရေအမှတ်ရောက်ရှိရန် (၅၀) စင်တီမီတာ လိုသေးပါကြောင်း၊ မြစ်ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများမှာ အမှတ် (၂) ရပ်ကွက် ၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ မြေငူကျေးရွာအုပ်စု၊ ငါးရာပြားကျေးရွာအုပ်စု၊ ဇီးပင်ကွေ့ကျေးရွာအုပ်စု၊ လက်ဆောင်ယူကျေးရွာအုပ်စု၊ လက်ပန်ဇင်ကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ စကားအင်းကျေးရွာအုပ်စု၊ တပယ်ကျေးရွာအုပ်စု၊ ဥတည်ကျေးရွာအုပ်စု၊ ဈေးချိုကျေးရွာအုပ်စု၊ ဘလဲ့ဘကျေးရွာအုပ်စု၊ ထောက်ရစ်ကျေးရွာအုပ်စုနှင့် ကူတိုးဆိပ်ကျေးရွာအုပ်စုတို့ဖြစ်ကြောင်း သိရသည် ။
crd-The Mandalay News Journal #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment