Saturday, July 18, 2020

ဂျော်ဒန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခကြုံတွ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပထမဦးဆုံးအကြိမ် စတင်ပို့ဆောင်

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားနေသည့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ဂျော်ဒန်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများ ကြုံတွေ့နေရသော မြန်မာလုပ်သားများအား နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည့် ပထမဦးဆုံး ကယ်ဆယ်ရေးလေယဉ် ( Relief Flight) အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း ( Myanmar Airways International –MAI) ၏ လေယဉ်ခရီးစဉ်သည် ဂျော်ဒန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၁၈-၇-၂၀၂၀ ရက်နေ့ ၊ ဒေသစံတော်ချိန် (၁၃:၅၀) အချိန်တွင် စတင်ပျံသန်း ထွက်ခွာခဲ့ပြီဖြစ်ပါသည်။
အဆိုပါ ပထမဦးဆုံးသော ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် Rich Pine ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁၃) ဦး၊ Century Miracle ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၂၆) ဦးနှင့် Camel and Vega ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁၀၁) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၄၀) ဦး လိုက်ပါသွားကြပါသည်။
သတင်းဓာတ်ပုံ၊ မြန်မာသံရုံး၊ တဲလ်အဗီးမြို့

0 comments:

Post a Comment