Monday, July 13, 2020

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တွင် ရေကြီး၍ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၁၄၂ စုမှ လူဦးရေ ၆၀၁ ဦးသည် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။
"ရေဘေးကယ်ဆယ်ရေးစခန်းက ကချင်ပြည်နယ် မြစ်ကြီးနားမှာ ၉ ခု ၊ ဝိုင်းမော်မှာက ၁ ခုပဲ။အားလုံးပေါင်းတော့ ၁၀ ခုပါပဲ။ကျွန်မတို့ဆီမှာ စာရင်းက ခုလောလောဆယ်တော့ အဲဒါပဲ ရှိသေးတယ်။ အခုက ရေကြီးရေလျှံမှုက ဒီနှစ်မှာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ ကချင်ပြည်နယ်မှာကတော့ ဒါပုံမှန်ရေကြီးရေလျှံမှုပါ။မိုးများတယ်။ မြစ်ရေတက်တယ်။ ဟိုတနေ့ကတော့ မိုးကုတ်မှာ ရုတ်တရက် မိုးများပြီး ကားလမ်းပိတ်တာတို့တော့ ဖြစ်သွားတယ်။ ဒါပေမယ့် အိမ်တွေပြောင်းရွှေ့ရတာတွေတော့ သိပ်မရှိခဲ့ဘူး။ ရုတ်တရက်ရေကြီးတာပေါ့။အခု ရေကြီးရေလျှံကတော့ နေအိမ်တွေ ပြောင်းရွှေ့ရတာတို့ဆိုရင် ပထမဆုံးပါ။အခုကတော့ သေဆုံး ၊ ဒဏ်ရာရတာတွေတော့ အခုချိန်ထိ မရှိပါဘူး။”ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ မြစ်ကြီးနားမြို့၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု(၁၃၆)စု၊ လူဦးရေ (၅၇၉)ဦးကို ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုသို့လည်းကောင်း ၊ ဝိုင်းမော်မြို့၊ အမှတ်(၁) နှင့် သပြေကုန်းရပ်ကွက်တို့မှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးကို အထက(၂)ရေဘေး ကယ်ဆယ်ရေးစခန်းသို့လည်းကောင်း ခေတ္တပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ အဝတ် Mask နှင့် ဆပ်ပြာတောင့်တို့အား ထောက်ပံ့ခဲ့ပြီး ဆန်ရိက္ခာဖိုး များကို ဆက်လက်ထောက်ပံ့သွားနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
>>Zawgyi<<
မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တွင် ရေကြီး၍ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့
Monday, July 13, 2020
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၁၄၂ စုမှ လူဦးရေ ၆၀၁ ဦးသည် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။
"ရေဘေးကယ်ဆယ်ရေးစခန်းက ကချင်ပြည်နယ် မြစ်ကြီးနားမှာ ၉ ခု ၊ ဝိုင်းမော်မှာက ၁ ခုပဲ။အားလုံးပေါင်းတော့ ၁၀ ခုပါပဲ။ကျွန်မတို့ဆီမှာ စာရင်းက ခုလောလောဆယ်တော့ အဲဒါပဲ ရှိသေးတယ်။ အခုက ရေကြီးရေလျှံမှုက ဒီနှစ်မှာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ ကချင်ပြည်နယ်မှာကတော့ ဒါပုံမှန်ရေကြီးရေလျှံမှုပါ။မိုးများတယ်။ မြစ်ရေတက်တယ်။ ဟိုတနေ့ကတော့ မိုးကုတ်မှာ ရုတ်တရက် မိုးများပြီး ကားလမ်းပိတ်တာတို့တော့ ဖြစ်သွားတယ်။ ဒါပေမယ့် အိမ်တွေပြောင်းရွှေ့ရတာတွေတော့ သိပ်မရှိခဲ့ဘူး။ ရုတ်တရက်ရေကြီးတာပေါ့။အခု ရေကြီးရေလျှံကတော့ နေအိမ်တွေ ပြောင်းရွှေ့ရတာတို့ဆိုရင် ပထမဆုံးပါ။အခုကတော့ သေဆုံး ၊ ဒဏ်ရာရတာတွေတော့ အခုချိန်ထိ မရှိပါဘူး။”ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့၌ ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေစတင်ဝင်ရောက်ခဲ့ရာ မြစ်ကြီးနားမြို့၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်းနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု(၁၃၆)စု၊ လူဦးရေ (၅၇၉)ဦးကို ရေဘေးကယ်ဆယ်ရေးစခန်း(၉)ခုသို့လည်းကောင်း ၊ ဝိုင်းမော်မြို့၊ အမှတ်(၁) နှင့် သပြေကုန်းရပ်ကွက်တို့မှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၂)ဦးကို အထက(၂)ရေဘေး ကယ်ဆယ်ရေးစခန်းသို့လည်းကောင်း ခေတ္တပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး၍ အဝတ် Mask နှင့် ဆပ်ပြာတောင့်တို့အား ထောက်ပံ့ခဲ့ပြီး ဆန်ရိက္ခာဖိုး များကို ဆက်လက်ထောက်ပံ့သွားနိုင်ရေး ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment