Friday, July 17, 2020

တရုတ်မှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးရေကြီးမှု ကြုံနေရပြီး လူ ၁၄၀ သေဆုံးပြီး လူသန်းချီကို ရွှေ့ပြောင်းခဲ့ရတဲ့ တရုတ်ရေဘေး မြင်ကွင်းများ

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့အရှေ့ပိုင်း နေရာဒေသတွေမှာ ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေခဲ့ပါတယ်။
အခုတွေ့ရတဲ့ပုံတွေကတော့ တရုတ်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှု မြင်ကွင်းပုံရိပ်တွေဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ရေဘေးသင့်လို့ လူ ၁၄၀ လောက် သေဆုံးခဲ့ပြီး လူသန်းချီကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ယန်ဇီမြစ်ရဲ့ အလယ်ပိုင်းနဲ့ အောက်ပိုင်း၊ တုံတင်းရေကန်၊ ပိုယန်ရေကန်တွေမှာ ရေမျက်နှာပြင် တဖြည်းဖြည်းချင်း ကျဆင်းလာပေမဲ့ တရုတ်နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြစ် ၉၈ စင်းရဲ့ မြစ်ရေအခြေအနေကတော့ စိုးရိမ်ရေမှတ်မှာရှိနေဆဲဖြစ်ပါတယ်။
Ref: BBC " In pictures: Severe floods engulf eastern China"

0 comments:

Post a Comment