Tuesday, July 7, 2020

တရုတ်ရေတပ်က ပင်လယ်ပြင် ၃ ခုအတွင်း အကြီးစား စစ်ရေးလေ့ကျင့်မှုများ တစ်ပြိုင်နက်တည်း ပြုလုပ်

အမေရိကန်​ရေတပ်မှ တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ဆောင်ရွက်နေချိန်တွင် တရုတ်​ရေတပ်သည် တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နှင့် ပင်လယ်ဝါဒေသတို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလေ့ကျင့်ခန်းများအား ပြုလုပ်ခဲ့ခြင်းသည် ပုံမှန်ပြုလုပ်သည့်လေ့ကျင့်ခန်းမဟုတ်ကြောင်း၊ အဓိက တိုက်ပွဲနယ်မြေ ၃ ခုအတွင်း ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရပိုင် သတင်းစာမှ ရေးသားဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အကြီးစားလေ့ကျင့်ခန်းများအား ပြုလုပ်ခဲ့ခြင်းသည် ၎င်းတို့၏ စစ်ရေးစွမ်းရည်အား ထုတ်ဖော်ပြသရန်နှင့် တရုတ်နိုင်ငံပြည်သူများ ယုံကြည်မှုပိုမိုရှိစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် တရုတ်ရေတပ်မှ ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော တစ်စီးနှင့် ရဟတ်ယာဉ် ၂ စင်းတို့ဖြင့် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ထိုင်ဝမ်အနီး တရုတ်မှ Diaoyu ကျွန်း၊ ဂျပန်မှ Senkaku ကျွန်း ဟု ခေါ်သည့် ရေပြင်အနီးတစ်ဝိုက်တွင် သံသယရှိရေယာဉ်အား ဖမ်းဆီးထိန်းသိမ်း ခြင်းလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြစ်သည်။ တရုတ်ကြည်းတပ်မှလည်း တောင်တရုတ် ပင်လယ်နှင့် ပင်လယ်ဝါအတွင်း အမြောက်များ လက်တွေ့ပစ်ခတ်သည့် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် အရပ်ဖက်ရေယာဉ်များအား ၁-၇-၂၀၂၀ ရက်နေ့မှ ၅-၇-၂၀၂၀ ရက်နေ့ထိ တောင်တရုတ်ပင်လယ် Paracel ကျွန်းအနီးရေပြင်သို့ ဝင်ရောက်ခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ခဲ့ပါသည်။
တရုတ်နိုင်ငံမှ အဆိုပါလေ့ကျင့်ခန်းများ ပြုလုပ်နေစဉ်အတွင်း အမေရိကန် ရေတပ်သည် တောင်တရုတ်ပင်လယ်တွင် USS Nimitz နှင့် USS Ronald Reagan ပါဝင်သည့် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု ၂ ခုဖြင့် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် B-52 ဗုံးကြဲ လေယာဉ်တစ်စီးအား အမေရိကန်ပြည်မမှစေလွှတ်ပြီး လေ့ကျင့်ခန်းတွင် ပါဝင်စေခဲ့သည်။
တရုတ်နှင့် အမေရိကန်အနေဖြင့် နယ်မြေဒေသတစ်ခု အတွင်း စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်နေခြင်းအား ကြည့်ခြင်းဖြင့် ၂ နိုင်ငံကြား တင်းမာမှုများကို မီးမောင်းနေပြနေကြောင်း သတင်းရရှိသည်။
>>Zawgyi<<
တရုတ်ရေတပ်က ပင်လယ်ပြင် ၃ ခုအတွင်း အကြီးစား စစ်ရေးလေ့ကျင့်မှုများ တစ်ပြိုင်နက်တည်း ပြုလုပ်
Tuesday, July 7, 2020
အမေရိကန်ရေတပ်မှ တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ဆောင်ရွက်နေချိန်တွင် တရုတ်ရေတပ်သည် တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နှင့် ပင်လယ်ဝါဒေသတို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလေ့ကျင့်ခန်းများအား ပြုလုပ်ခဲ့ခြင်းသည် ပုံမှန်ပြုလုပ်သည့်လေ့ကျင့်ခန်းမဟုတ်ကြောင်း၊ အဓိက တိုက်ပွဲနယ်မြေ ၃ ခုအတွင်း ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရပိုင် သတင်းစာမှ ရေးသားဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အကြီးစားလေ့ကျင့်ခန်းများအား ပြုလုပ်ခဲ့ခြင်းသည် ၎င်းတို့၏ စစ်ရေးစွမ်းရည်အား ထုတ်ဖော်ပြသရန်နှင့် တရုတ်နိုင်ငံပြည်သူများ ယုံကြည်မှုပိုမိုရှိစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် တရုတ်ရေတပ်မှ ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော တစ်စီးနှင့် ရဟတ်ယာဉ် ၂ စင်းတို့ဖြင့် အရှေ့တရုတ်ပင်လယ်အတွင်းရှိ ထိုင်ဝမ်အနီး တရုတ်မှ Diaoyu ကျွန်း၊ ဂျပန်မှ Senkaku ကျွန်း ဟု ခေါ်သည့် ရေပြင်အနီးတစ်ဝိုက်တွင် သံသယရှိရေယာဉ်အား ဖမ်းဆီးထိန်းသိမ်း ခြင်းလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြစ်သည်။ တရုတ်ကြည်းတပ်မှလည်း တောင်တရုတ် ပင်လယ်နှင့် ပင်လယ်ဝါအတွင်း အမြောက်များ လက်တွေ့ပစ်ခတ်သည့် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် အရပ်ဖက်ရေယာဉ်များအား ၁-၇-၂၀၂၀ ရက်နေ့မှ ၅-၇-၂၀၂၀ ရက်နေ့ထိ တောင်တရုတ်ပင်လယ် Paracel ကျွန်းအနီးရေပြင်သို့ ဝင်ရောက်ခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ခဲ့ပါသည်။
တရုတ်နိုင်ငံမှ အဆိုပါလေ့ကျင့်ခန်းများ ပြုလုပ်နေစဉ်အတွင်း အမေရိကန် ရေတပ်သည် တောင်တရုတ်ပင်လယ်တွင် USS Nimitz နှင့် USS Ronald Reagan ပါဝင်သည့် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စု ၂ ခုဖြင့် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် B-52 ဗုံးကြဲ လေယာဉ်တစ်စီးအား အမေရိကန်ပြည်မမှစေလွှတ်ပြီး လေ့ကျင့်ခန်းတွင် ပါဝင်စေခဲ့သည်။
တရုတ်နှင့် အမေရိကန်အနေဖြင့် နယ်မြေဒေသတစ်ခု အတွင်း စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်နေခြင်းအား ကြည့်ခြင်းဖြင့် ၂ နိုင်ငံကြား တင်းမာမှုများကို မီးမောင်းနေပြနေကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment