Friday, July 10, 2020

ထိုင်ဝမ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၂၀ တန်ဖိုးရှိသော ဒုံးကျည်အဆင့်မြှင့်တင်ရေး အစီအစဉ်အား အမေရိကန်နိုင်ငံမှ သဘောတူ

အမေရိကန်နိုင်ငံသည် ထိုင်ဝမ်တွင် မြေပြင်မှဝေဟင်ပစ် Patriot ဒုံးကျည်များ အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၆၂၀ တန်ဖိုးရှိသော ဒုံးကျည် အစိတ်အပိုင်းများ ရောင်းချပေးမည့် အစီအစဉ်ကို သဘောတူလက်ခံခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အမေရိကန်နိုင်ငံထုတ် ပစ္စည်းများအား နောက်ဆုံးဝယ်ယူမှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံသည် နိုင်ငံအများစုကဲ့သို့ ထိုင်ဝမ်နှင့်တရားဝင်သံတမန် ဆက်ဆံရေးမရှိသော်လည်း ဒီမိုကရက်တစ်ကျွန်းအား ကာကွယ်ရန်အတွက် ဥပဒေအရ တားမြစ်မှုများရှိနေပါသည်။
တရုတ်နိုင်ငံသည် ဒီမိုကရေစီနည်းလမ်းကျကျအုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်း အား ၎င်း၏ ပိုင်နက်အဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်သို့ အမေရိကန်ထုတ်လက်နက် များ ရောင်းချနေမှုအပေါ် မကြာခဏ ပြစ်တင်ရှုတ်ချလျက်ရှိပါသည်။
ထိုင်ဝမ်သည် နှစ် ၃၀ ကြာ သက်တမ်းရှိပြီဖြစ်သော ၎င်း၏ Patriot ဒုံးကျည် များအား အဆင့်မြှင့်တင်ရန်အတွက် အစိတ်အပိုင်းများဝယ်ယူရန် တောင်းဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
Lockheed Martin ကုမ္ပဏီသည် အဓိကကန်ထရိုက်တာဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၆၂၀ ရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
၎င်းအဆိုပြုထားသည့် ရောင်းချမှုသည် ထိုင်ဝမ်စစ်တပ်အား ခေတ်မီစေရန်နှင့် ကာကွယ်ရေးစွမ်းရည်များကို ထိန်းသိမ်းရန် ထိုင်ဝမ်၏ ကြိုးပမ်းအားထုတ်မှုများတွင် ကူညီထောက်ပံ့ခြင်းဖြင့် အမေရိကန်နိုင်ငံ၏ အမျိုးသားရေး၊ စီးပွားရေးနှင့် လုံခြုံရေး ဆိုင်ရာ အကျိုးစီးပွားများဖြစ်ထွန်းစေပါသည်။
ထိုင်ဝမ်အနေဖြင့် ဒေသတွင်း ခြိမ်းခြောက်မှုများကို ဟန့်တားရန်နှင့် အမိမြေ ကာကွယ်ရေးတွင် ပိုမိုခိုင်မာမှုရှိစေရန်အတွက် ၎င်းစွမ်းရည်များကို အသုံးပြုသွားမည် ဖြစ်သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ ရောင်းချမှုသည် လာမည့်လအတွင်း အကျိုးသက်ရောက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ လက်နက်ရောင်းချမှုသည် အမေရိကန်နိုင်ငံမှ ထိုင်ဝမ်သို့ သတ္တမကြိမ်မြောက် ရောင်းချမှုဖြစ်ပြီး မိမိတို့၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ လုံခြုံရေးနှင့်ဆက်စပ်၍ အရေးပါသည်ကို ပြသခြင်း၊ မိမိတို့၏ လုံခြုံရေးမိတ်ဖက်ဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အတူတကွထိန်းသိမ်းခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ ပါသည်။
ထိုင်ဝမ်အနီးတွင် တရုတ်လေတပ်နှင့်ရေတပ်များ၏ စစ်ရေးလေ့ကျင့်မှုများ ကဲ့သို့သော တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာသည်နှင့်အမျှ ထိုင်ဝမ် သည် ၎င်း၏ ကာကွယ်ရေးတွင် အားဖြည့်လုပ်ဆောင်လျက်ရှိပါသည်။
source-Channel News Asia #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment