Saturday, July 18, 2020

နိုင်ငံတော်အခွန်ပေးဆောင်ကြသည့်ကုမ္ပဏီများ အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်ကို အီလက်ထရောနစ်ငွေပေးချေမှုစနစ်သို့ပြောင်းလဲကျင့်သုံးမည်ဖြစ်

နိုင်ငံတော်အခွန်ပေးဆောင်ကြသည့်ကုမ္ပဏီများ အခွန်ပေးသွင်းခြင် းလုပ်ငန်းစဉ်တွင် ငွေသား/ချက်လက်မှတ်ဖြင့်ပေးသွင်းနေမှုအစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များဖြင့် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါတယ်။
လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များ ဖြစ်သော m-Banking, e- Banking, i- Banking, Mobile Payment စနစ်များဖြင့်လည်းကောင်း၊ MPU Corporate Debit Card အသုံးပြု၍ Online မှ လည်းကောင်း သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်၍ ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(သို့မဟုတ်) အလယ်အလတ်အခွန် ထမ်းများဆိုင်ရာအခွန်ရုံးများတွင် အခွန်ထမ်းဆောင်နေသည့် အခွန်ထမ်းကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် လစာဝင်ငွေခွန်ပေးဆောင်ခြင်းကို လုပ်ငန်းခွင်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ဆက်သွယ်၍ အခွန်ပေးဆောင်နေရမှုအစား အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ထမ်းကုမ္ပဏီမှ အခွန်ထမ်းဆောင်နေသော အခွန်ရုံး ၏ ဘဏ်စာရင်းသို့ ပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် လစာဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းအဖြစ် မှတ်တမ်းစာအုပ် ထုတ်ပေးခြင်းအစား ဌာန၏ Data Center နှင့် ချိတ်ဆက်၍ မိုဘိုင်းလ်ဖုန်းစနစ် (Mobile App)ဖြင့် အခွန်ပေးဆောင်ထားရှိမှု အချက်အလက်များကို ကြည့်ရှုနိုင်ရန် ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာခွန်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET စနစ်နှင့် ချိတ်ဆက်၍ ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ် များကို အသုံးပြု၍ ပေးချေနိုင်ကြောင်း သိရသည်။
အီလက်ထရောနစ် ငွေပေးချေမှုစနစ်အား အသုံးပြု၍ အခွန်ပေးသွင်းရာ တွင် ပေးသွင်းမှု အထောက်အထားများအဖြစ် သက်ဆိုင်ရာ အီလက် ထရောနစ် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများမှ အခွန်ထမ်းသို့ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည် ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ ၏ ငွေစာရင်းများတွင် အခွန်ငွေလွှဲပြောင်း လက်ခံရရှိပြီးပါက ပြည်တွင်း အခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို အခွန်ထမ်းသို့ email အသုံးပြုပေးပို့ အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ အခွန်ထမ်းမှတ်ပုံတင်အမှတ်(Taxpayer Identification Number-TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းကုမ္ပဏီများအနေဖြင့် နိုင်ငံတော်သို့ အခွန်ငွေပေးဆောင်ရာတွင် ငွေသား/ချက်လက်မှတ်ဖြင့် အခွန်ငွေပေးသွင်းမှုအစား ပိုမိုလွယ်ကူလျင်မြန်ပြီး လုံခြုံမှုရှိသည့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးသွင်းနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးကြေညာချက်ထဲတွင် ဖော်ပြထားသည်။
Source - Xinhua
>>zawgyi<<
နိုင်ငံတော်အခွန်ပေးဆောင်ကြသည့်ကုမ္ပဏီများ အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်ကို အီလက်ထရောနစ်ငွေပေးချေမှုစနစ်သို့ပြောင်းလဲကျင့်သုံးမည်ဖြစ်
Saturaday, July 18, 2020
နိုင်ငံတော်အခွန်ပေးဆောင်ကြသည့်ကုမ္ပဏီများ အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် ငွေသား/ချက်လက်မှတ်ဖြင့်ပေးသွင်းနေမှုအစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များဖြင့် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန မှ သိရပါတယ်။
လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များ ဖြစ်သော m-Banking, e- Banking, i- Banking, Mobile Payment စနစ်များဖြင့်လည်းကောင်း၊ MPU Corporate Debit Card အသုံးပြု၍ Online မှ လည်းကောင်း သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်၍ ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(သို့မဟုတ်) အလယ်အလတ်အခွန် ထမ်းများဆိုင်ရာအခွန်ရုံးများတွင် အခွန်ထမ်းဆောင်နေသည့် အခွန်ထမ်းကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် လစာဝင်ငွေခွန်ပေးဆောင်ခြင်းကို လုပ်ငန်းခွင်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ဆက်သွယ်၍ အခွန်ပေးဆောင်နေရမှုအစား အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ထမ်းကုမ္ပဏီမှ အခွန်ထမ်းဆောင်နေသော အခွန်ရုံး ၏ ဘဏ်စာရင်းသို့ ပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် လစာဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းအဖြစ် မှတ်တမ်းစာအုပ် ထုတ်ပေးခြင်းအစား ဌာန၏ Data Center နှင့် ချိတ်ဆက်၍ မိုဘိုင်းလ်ဖုန်းစနစ် (Mobile App)ဖြင့် အခွန်ပေးဆောင်ထားရှိမှု အချက်အလက်များကို ကြည့်ရှုနိုင်ရန် ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာခွန်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET စနစ်နှင့် ချိတ်ဆက်၍ ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ် များကို အသုံးပြု၍ ပေးချေနိုင်ကြောင်း သိရသည်။
အီလက်ထရောနစ် ငွေပေးချေမှုစနစ်အား အသုံးပြု၍ အခွန်ပေးသွင်းရာ တွင် ပေးသွင်းမှု အထောက်အထားများအဖြစ် သက်ဆိုင်ရာ အီလက် ထရောနစ် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများမှ အခွန်ထမ်းသို့ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည် ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ ၏ ငွေစာရင်းများတွင် အခွန်ငွေလွှဲပြောင်း လက်ခံရရှိပြီးပါက ပြည်တွင်း အခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို အခွန်ထမ်းသို့ email အသုံးပြုပေးပို့ အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ အခွန်ထမ်းမှတ်ပုံတင်အမှတ်(Taxpayer Identification Number-TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းကုမ္ပဏီများအနေဖြင့် နိုင်ငံတော်သို့ အခွန်ငွေပေးဆောင်ရာတွင် ငွေသား/ချက်လက်မှတ်ဖြင့် အခွန်ငွေပေးသွင်းမှုအစား ပိုမိုလွယ်ကူလျင်မြန်ပြီး လုံခြုံမှုရှိသည့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးသွင်းနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးကြေညာချက်ထဲတွင် ဖော်ပြထားသည်။
Source - Xinhua

0 comments:

Post a Comment