Sunday, July 12, 2020

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် ပထမဆုံး ကုန်သွယ်ရေးဇုန်တည်ဆောက်ရေး ဗဟိုကော်မတီဖွဲ့

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုအတွက် တမူးကုန်သွယ်ရေးဇုန်တည်ဆောက်ရေး ဗဟိုကော်မတီဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၈ ရက်စွဲဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ထိုကော်မတီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် စစ်ကိုင်းတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးတို့က ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ထား သည်။
‘‘လောလောဆယ် အိန္ဒိယ အကူအညီနဲ့ဆောက်နေတဲ့ ယာကြီး-ကလေးဝလမ်းက ၂၀၂၁ မှ ပြီးမှာလေ။ ဒီလမ်းကြီး ပြီးသွားရင် ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေးကို မှန်းပြီးတော့ လျာထားပြီးဆောင်ရွက်နေတာပါ။ ဒီလမ်းကြီးပေါက် သွားရင် မြဝတီတို့လို၊ မူဆယ် တို့လို နယ်စပ်ကုန်သွယ်ရေးဇုန် ကြီး ဖြစ်လာအောင် အခုကတည်း က ပြင်ဆင်နေတာ’’ ဟု စစ်ကိုင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးကပြောသည်။ ထိုကုန်သွယ်ရေးဇုန်သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား အဓိကကုန်သွယ်ရေးဇုန်ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။ ထိုကော်မတီတွင် တမူးနယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌဦးလှမောင်ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည်။
‘‘အခုမှ စဖွဲ့တာဆိုတော့ အစည်းအဝေးတောင် မလုပ်ရသေးဘူး။ အသေးစိတ်မသိရသေး ဘူး’’ဟု ဦးလှမောင်က ပြောသည်။
ထိုကော်မတီသည် ဇုန်တည်ဆောက်ရေးအတွက် လိုအပ်သော ပစ္စည်းကိရိယာများဝယ် ယူခြင်းနှင့် ဝန် ဆောင်မှုများ ရယူခြင်းကို ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်၊ ဇုန်တည် ဆောက်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ပေးရန်နှင့် လုပ်ငန်းကော်မတီတစ်ခုဖွဲ့၍ မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် စသည်တို့ကိုဆောင်ရွက် ပေးရမည်ဖြစ်သည်။
တမူးနယ်စပ်ကုန်သွယ်ရေး စခန်းသည် မြန်မာ-အိန္ဒိယ ကုန် သွယ်ရေးစခန်း သုံးခုအနက်အ ကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ဒေါ် လာ ၉၆ သန်းကျော်ဖိုးရှိပြီး မြန်မာဘက်က ပို့ကုန်သည် ဒေါ်လာ ၉၅ သန်းဖိုးရှိသည်။
Ref ; 7Day

0 comments:

Post a Comment