Tuesday, July 21, 2020

အိန္ဒိယရေတပ်သည် လေယာဉ်တင်သင်္ဘောတွင် အသုံးပြုရန်အတွက် ပြည်တွင်းထုတ် ရေတပ်တိုက်လေ ယာဉ်များအား ပိုင်ဆိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိခြင်း

အိန္ဒိယနိုင်ငံ၏ ရေကြောင်းဆိုင်ရာလေတပ်ကာကွယ်ရေးတပ်ဖွဲ့၏ ၂၀-၇- ၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ အိန္ဒိယရေတပ်အနေဖြင့် လေယာဉ်တင် သင်္ဘောများတွင် အသုံးပြုမည့် အင်ဂျင် ၂ လုံးတပ် ရေကြောင်းဆိုင်ရာပြည်တွင်းထုတ် တိုက်လေယာဉ်များအား ပိုင်ဆိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါကြိုးပမ်းဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သော Hindustan Aeronautics ကုမ္ပဏီဖြင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။
အိန္ဒိယရေတပ်အနေဖြင့် ပြည်တွင်းထုတ် ရေတပ်သုံးတိုက်လေယာဉ်များပိုင်ဆိုင် လာမည်ဆိုပါက လေယာဉ် တင်သင်္ဘောများပေါ်တွင် လက်ရှိအချိန်၌အသုံးပြုလျက်ရှိ သည့် ရုရှားနိုင်ငံထုတ် MiG-29K အမျိုးအစား ရေ တပ်သုံးတိုက်လေယာဉ်များနေရာ တွင် အစားထိုးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါအစီအမံသည် လက်ရှိတည် ဆောက်လျက်ရှိသော လေယာဉ်တင်သင်္ဘောအသစ်တွင် စတင်အကောင်အထည်ဖော် လာနိုင်မည်ဖြစ်ကြောင်းသိရပါသည်။ အိန္ဒိယရေတပ်၏ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော လေယာဉ် တင်သင်္ဘော Vikramaditya ပေါ်တွင် အင်ဂျင် ၂ လုံးတပ်တိုက်လေယာဉ် ၄၅ စီးရှိသည့်အတွက် ၎င်းလေယာဉ်များနေရာတွင် စတင် အစားထိုးမည်ဆိုပါက ပြည်တွင်းထုတ်တိုက်လေယာဉ် ၅၇ နီးပါးခန့် စတင်ထုတ်လုပ် ရမည်ဖြစ်ကြောင်းသိရှိရပါသည်။ သို့သော်လည်း ၎င်းအစီအမံသည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သု တေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း Indian Defence Research and Development Organisation – DRDO ၏ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ်မှသာ အစားထိုးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
လေယာဉ်တင်သင်္ဘော Vikramaditya ၏ ကုန်းပတ်ပြေးလမ်းမှာ (Short Take – Off But Arrested Recovery – STOBAR) ဖြစ်ပြီး အနည်းငယ်တိုသောကြောင့် တိုက်လေယာဉ် များအနေဖြင့် ပြေးလမ်းတိုတွင် လေထဲသို့တက်နိုင်ရန်နှင့် ပြန်ဆင်းသက်သည့်အခါတွင် အရှိန်လျှော့ဖမ်းပေးနိုင်ရန် လုပ်ဆောင်နိုင်ရမည်ဖြစ်ပါသည်။ အိန္ဒိယရေတပ်၌ လက်ရှိ အသုံးပြုနေသော ရုရှားနိုင်ငံထုတ်တိုက်လေယာဉ်များဖြစ်သည့် MiG-29K တိုက်လေ ယာဉ်များသည် STOBAR အခြေအနေများတွင် ကောင်းစွာပြုလုပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းထုတ်တိုက်လေယာဉ်များသည်လည်း အဆိုပါအခြေအနေမျိုး အား ဆောင်ရွက်နိုင်ရန်အတွက် ရုရှားတိုက်လေ ယာဉ်များအားတုပကာ ကြိုးပမ်းတည် ဆောက်သွားရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source - Mg Moe

0 comments:

Post a Comment