Friday, July 17, 2020

ဦးပိုင်ဒါရိုက်တာများအဖြစ်မှ အကောက်ခွန်ညွှန်ချုပ်နှင့် ဆိပ်ကမ်းအာဏာပိုင်ဦးဆောင် ညွှန်ကြားရေးမှူးတို့နှစ်ဦး ဥပဒေနှင့်မညီ၍ နုတ်ထွက်ခဲ့

ယနေ့ သမ္မတ အိမ်တော်တွင်ပြုလုပ်သော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်MEHLကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် ပါဝင်နေသည့် အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင်တို့သည် ဥပဒေနှင့်မညီညွတ်သဖြင့် ဦးပိုင်ဒါရိုက်တာများအဖြစ်မှ နုတ်ထွက်ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မီဒီယာများ၏ မေးမြန်းချက်အား ပြနလည်ဖြေကြားခဲ့သည်။
ယနေ့ ညနေပိုင်း နေပြည်တော်တွင် ကျင်းပသော ပုံမှန်နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် Myanmar Now သတင်းထောက်၏ မေးမြန်းချက်ကို ၎င်းကအ ထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးဇော်ဌေး၏ အဆိုအရ အကောက်ခွန်ညွှန်ချုပ် ဦးကျော်ထင်နှင့် ဆိပ်ကမ်းအာဏာပိုင်ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်တို့ သည် ဇူလိုင်လ ၆ ရက်နေ့တွင် ဦးပိုင်ဒါရိုက်တာများအဖြစ်မှ နုတ်ထွက်ပြီးဖြစ်ကြောင်း ပြောဆိုသည်။
MEHL ၏ ဒါရိုက်တာတစ်ဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးချုပ်ကျော်ထင်သည် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး အခြားဒါရိုက်တာတစ်ဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးနီအောင်မှာလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဖွဲ့၏ မန်နေဂျင်းဒါရိုက်တာဖြစ်ကြောင်း၊ ထို့ကြောင့် အကျိုးစီးပွား ပဋိပက္ခများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း Justice For Myanmar အဖွဲ့က မေလ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးခဲ့သည်။

0 comments:

Post a Comment