Wednesday, July 15, 2020

မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အား ကွန်ရက်အဆင့်မြှင့်တင်ရန် ထိုင်းနိုင်ငံက ဘတ်သန်း ၁၄၀၀ ကျော်ထုတ်ချေး

မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားပေးစနစ်ကို အဆင့်မြှင့်တင်ရာတွင်ကူညီနိုင်ရန် ဘတ်သန်း ၁၄၅၀ တန်ဖိုးရှိ အတိုးနှုန်းသက်သာသည့် ချေးငွေထုတ်ပေးရန် ထိုင်းအစိုးရကအတည်ပြုလိုက်သည်။ ချေးငွေသည် အိမ်နီး ချင်းနိုင်ငံများနှင့် ဆက်ဆံရေးပိုကောင်းမွန်လာရေးရှေ့ပြေးအစီအစဉ်၏ တစိတ်တပိုင်းဖြစ်သည်ဟု ထိုင်းအစိုးရဒုတိယပြောခွင့်ရသူ Rachada Dhnadirek က အင်္ဂါနေ့တွင်ပြောသည်။
ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (NCEDC) က စီစဉ်မှုနှင့် မြန်မာနိုင်ငံအတွက် ချေးငွေတိုးချဲ့ခြင်းတို့အတွက် တာဝန်ယူမည်ဖြစ်ကြောင်းလည်း မစ္စ Rachada ကပြောသည်။ ချေးငွေကို ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် ဖြန့်ဖြူးရေးစက်ရုံများတည်ဆောက်မှုနှင့် အဆင့်မြှင့် တင်ရေးတို့တွင် အသုံးပြုရန် ရည်မှန်းထားသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ် ၃၀ စာချုပ်ဖြင့် တစ်နှစ်လျှင် အတိုး ၁.၅ ရာခိုင်နှုန်းပေးရမည်ဖြစ်ပြီး ပထမဆုံး ၁၀ နှစ်နောက်ပိုင်းမှငွေပြန်ဆပ်ရမည်ဖြစ်သည်။
သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းများမှကုန်စည်များနှင့်ဝန်ဆောင်မှု ၅၀ ရာခိုင် နှုန်းကို ထိုင်းနိုင်ငံမှအသုံးပြုရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ထိုင်းဆောက်လုပ်ရေးကန်ထရိုက်တစ်ဦးနှင့် အကြံပေးအင်ဂျင်နီယာတို့ခန့်ထားရမည့်အပြင် ချေးငွေသဘောတူညီမှုကိုစီမံသည့်စည်းမျဉ်းများကိုလည်း ထိုင်းနိုင်ငံကထုတ်ပြန်ရမည်ဟု မစ္စ Rachada ကပြောသည်။
ချေးငွေကြောင့် မြန်မာနိုင်ငံထံ ထိုင်းရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်ဟုလည်းပြော သည်။ စင်ကာပူနှင့် တရုတ်နိုင်ငံနောက်တွင် ထိုင်းသည် မြန်မာနိုင်ငံ၏အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။
Ref ; People Media

0 comments:

Post a Comment