Sunday, July 26, 2020

ကမ္ဘောဇဘဏ်မှ မကွေးတိုင်းအတွင်း အစာရေစာပြတ်လပ်နေသော ခိုင်းနွားများအတွက် တိရိစ္ဆာန်အစာများဝယ်ယူနိုင်ရေး အလှူငွေများပေးအပ်လှူဒါန်း

ကမ္ဘောဇဘဏ်က မကွေးတိုင်းဒေသကြီးတွင် မိုးခေါင်ရေရှားမှုကြာင့် တောင်သူလယ်သ မားဦးကြီးများ၏ အစာရေစာပြတ်လပ်နေသော ခိုင်းနွားများအတွက် တိရိစ္ဆာန်အစာများလှူဒါန်းခဲ့သည်ဟုသိရသည်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းနှင့် ချောက်မြို့နယ်များရှိ ကျေးရွာများ၌ မိုးခေါင်မှုကြောင့် တောင်သူလယ်သမားဦးကြီးများ ၏ ခိုင်းနွားများနှင့် အခြားတိရိစ္ဆာန်များ အစာရေစာ ပြတ်လပ်ကာ အခက်ကြုံနေရသဖြင့် တိရိစ္ဆာန်အစာများဝယ်ယူ ကျွေးမွေးစောင့်ရှောက်နိုင်ရန် အတွက် ကမ္ဘောဇဘဏ်က ကနဦးစတင်လှူဒါန်းငွေ ကျပ်သိန်း (၂၉၀) ကျော်ကို တောင်သူလယ်သမားဦးကြီးများထံ ဇူလိုင်၂၅ရက်က လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းပွဲအခမ်းအနားတွင် ငွေကျပ် (၁၇၅) သိန်းတန်ဖိုးရှိ နွားစာမြက်၊ ပဲဖတ်၊ နှမ်းဖတ်၊ ဖွဲနုများနှင့် အခြေခံပြည်သူများမိသားစု (၃၀၀) အတွက် ငွေကျပ် (၄၅) သိန်း တန်ဖိုးရှိ ရိက္ခာထုပ် (၃၀၀) နှင့် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) စီ၊ ရုံးဆိပ်တောင်ကျေးရွာ အတွက် အလှူငွေကျပ် (၁၀) သိန်း၊ ရွှေရောင်လက်များ ပရဟိတအသင်းအတွက် ကျပ် (၁၀) သိန်းနှင့် ပျဉ်းမပင်ရွာအတွက် ရိက္ခာ ထုပ် (၁၀၀၀) နှင့် ငွေကျပ် သိန်း (၅၀) တို့ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ပါသည်။
ကမ္ဘောဇဘဏ်သည် ကဏ္ဍအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး ၊ နေရာဒေသမရွေး နိုင်ငံတော် နှင့်ပြည်သူအတွက် ကျပ်ငွေ (၁၆၆) ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်သည်။
Crd : FifthWave

0 comments:

Post a Comment