Saturday, July 11, 2020

ဖိုလ်ဝင်တောင် ရှေးဟောင်းသမိုင်းဝင်ဧရိယာပါဝင်နေခြင်းကြောင့် ဓာတ်သတ္တုရှာဖွေရန်လျှောက်ထားသည့် ကုမ္ပဏီက မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးခဲ့ကြောင်း သိရ

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တွင် ဓာတ်သတ္တု ရှာဖွေစမ်းသပ်ခွင့်လျှောက်ထားသည့် ကုမ္ပဏီက ဧရိယာအတွင်း ရှေးဟောင်းနယ်မြေ ပါဝင်နေသောကြောင့် ပြန်လည် စွန့်လွှတ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ဇူလိုင် ၁၀ ရက်တွင်ပြော သည်။
ယင်းမာပင်နှင့် ဆားလင်း ကြီးမြို့နယ်အတွင်း ညောင်ပင်တို ကျေးရွာနှင့် မင်းဇူးကျေးရွာအနီး တွင် မြေဧက ၄,၈၀၀ ကျော်ကို ကြေးနီနှင့် ဆက်စပ်သတ္တုများ စမ်းသပ်တိုင်းတာရေးနှင့် ဖြစ် မြောက်နိုင်စွမ်းလေ့လာရေးလုပ် ငန်းများဆောင်ရွက်ရန် KINCAID EXPLORATION LTD ကုမ္ပဏီက အဆိုပြုလျှောက်ထား ခဲ့သည်။
ထို့နောက် မေလ ၁၅ ရက်က ကျင်းပသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန၊ စီမံရေးရာကော်မတီ(သတ္ထုရေးရာ)၏ အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ သဘောထားမှတ်ချက် တောင်းခဲ့ပြီး ဇူလိုင် ၈ ရက်တွင် သတ္တုစမ်းသပ်ရှာဖွေရေးကုမ္ပဏီက ပြန်လည်ရုပ်သိမ်းကြောင်း ဦးလာလ်ထောင်ထန်းထံ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။
‘‘ကုမ္ပဏီဘက်က ပြန်လည်ရုပ်သိမ်းတဲ့အကြောင်း ဖုန်းဆက် တယ်။ တစ်ရက်၊နှစ်ရက်အတွင်း တရားဝင် ရုပ်သိမ်းတဲ့စာ ပို့ပေးဖို့ ပြောထားတယ်။ သူတို့ လျှောက် ထားစဉ်က သတ္တုရှာဖွေ စမ်းသပ် တဲ့ ဧရိယာထဲမှာ ရှေးဟောင်းနယ် မြေပါဝင်နေမှန်းမသိရလို့လို့ပြော ပါတယ်’’ ဟု ဦးလာလ်ထောင် ထန်းက ပြောသည်။
သတ္တုစမ်းသပ်ရှာဖွေမည့် ဧရိယာအတွင်း စိုက်ပျိုးမြေ၊ သုသာန်မြေ၊ ရွာမြေ၊ သာသနိက မြေတို့နှင့် လွတ်ကင်းမှုရှိ၊ မရှိ အဓိက ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး ဖိုလ်ဝင်တောင် ရှေး ဟောင်းသမိုင်းဝင်ဧရိယာအတွင်း ကျရောက်ပါက လွတ်ကင်းမှုမရှိ ကြောင်း ၎င်းက ပြောသည်။
‘‘သတ္တုစမ်းသပ်ရှာဖွေမယ့် ကုမ္ပဏီဘက်က ပြန်ရုပ်သိမ်း တယ်လို့ ကြားတယ်။ ဒေသခံ တွေကတော့ ဖိုလ်ဝင်တောင် ရှေးဟောင်းနယ်မြေကို မထိခိုက် စေချင်တာပါ။ ကျွန်တော်တို့ လည်း ဝန်ကြီးဆီ ဖုန်းဆက်တဲ့အကြောင်း သတင်းကြားတာပဲ ရှိတာ။ တရားဝင် ရုပ်သိမ်းတဲ့စာ တော့ ကျွန်တော်တို့ဆီကို ရောက်မလာသေးဘူး’’ဟု ဆားလင်းကြီး မြို့နယ် တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ်ဦးစောမောင် က ပြောသည်။
အဆိုပါ သတ္တုရှာဖွေစမ်း သပ်မည့်ဧရိယာအတွင်း ပါဝင် သော မင်းဇူးကျေးရွာသည် ယင်း မာပင်မြို့နယ် ဖိုလ်ဝင်တောင်ခြေရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ညောင်ပင်တိုကျေးရွာသည် ဆား လင်းကြီးမြို့နယ်အတွင်း ကျ ရောက်နေကြောင်း ဦးစောမောင် က ပြောသည်။
ယင်းကုမ္ပဏီက သတ္တုစမ်း သပ်တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ဘူမိဗေဒမြေပုံ ရေးဆွဲခြင်း၊ ဘူမိ ဓာတုဗေဒဆိုင်ရာ မြေသားနမူ နာ၊ ကျောက်နမူနာများကို ဓာတ် ခွဲစမ်းသပ်ခြင်း၊ လွန်တူးဖော်စမ်း သပ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ် သည်ဟု ဆိုသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သတ္တုတူးဖော် လုပ်ကိုင်ခြင်းမရှိ သဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်သည့်အပြင် ဒေသခံများ အလုပ်အကိုင်ရရှိခြင်း၊ နိုင်ငံတော်အတွက် မြေငှားရမ်းခ ရရှိခြင်းနှင့် ဒေသတွင်းသတ္တုဖြစ်ထွန်းမှု အချက်အလက်များရရှိနိုင် မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ သဘော ထားမှတ်ချက်တောင်းခံစာတွင် ဖော်ပြထားသည်။
Crd : 7Day

0 comments:

Post a Comment