Monday, July 20, 2020

အောက်တိုဘာလ(၁)ရက် လာမည့်ဘဏ္ဍာနှစ်မှစ၍ အွန်လိုင်းမှတဆင့် အခွန်ပေးဆောင်ကြရန် အစိုးရတိုက်တွန်း

ယခုလာမည့် အောက်တိုဘာလ(၁)ရက်ကနေစပြီးတော့ ကုမ္ပဏီတွေအနေနဲ့ ငွေသား/ချက်လက်မှတ်အစား အီလက်ထရောနစ် အခွန်ငွေပေးချေတဲ့ စနစ်ကိုပူးပေါင်းပါဝင်ပေးဖို့ ပြည်တွင်းအခွန်များဦးစီးဌာနက ဒီနေ့ ဇူလိုင်လ(၂၀) ရက်နေ့မှာမေတ္တာရပ်ခံလိုက်ပါတယ်။
ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့နဲ့ အခွန်ပေးဆောင်တဲ့အခါ လျင်မြန်စေဖို့အတွက် m-banking, e-Banking, i-banking, Mobile Payment, MPU Corporate Debit Card တွေအသုံးပြုပြီးတော့ သက်ဆိုင်ရာဘဏ်တွေနဲ့ ချိတ်ဆက်ပေးဆောင်နိုင်ဖို့ ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အခွန်ထမ်းတွေအတွက်လည်း လစာဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းစာအုပ်ထက် ဌာနရဲ့ Data Centerနဲ့ ချိတ်ဆက်ပြီး မိုဘိုင်းလ်ဖုန်းစနစ်နဲ့ အခွန်ပေးဆောင်ထားတဲ့အချက်အလက်ကို ကြည့်ရှုနိုင်ဖို့ ပြောင်းလဲဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အခွန်ပေးပြီးသွားရင်တော့ အခွန်ပေးပြီးတဲ့အထောက်အထားကို ကနဦးထုတ်ပေးမှာဖြစ်ပြီး သက်ဆိုင်ရာ အခွန်ရုံးတွေဆီ ဘဏ်တွေကနေ အခွန်ငွေလွှဲပြောင်းလက်ခံပြီးရင်တော့ အခွန်ထမ်းပြီးတဲ့ အကြောင်း Email ပို့သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment