Friday, July 17, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိန္နီမြို့နယ်၊ ကလောမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ဘိန်းဆီခဲများ၊ဘိန်းဖြူများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ ရက်နေ့ ၁၅၁၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သိန္နီမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်းတွင် တားဆီး နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကွတ်ခိုင်ဘက်မှ လားရှိုးဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၆)နေ ကျော်အေး ၅၂ နှစ် မောင်းနှင်ပြီး ကွတ်ခိုင်မြို့နယ်၊ နန်းနွယ်ကျေးရွာအုပ်စု၊ ထန်လောင်းကျေးရွာနေ မရန်ရှောက်တီ ၃၀ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မရန်ရှောက်တီ၏ပေါင်ပေါ်တွင် တင်ထား သော လက်ဆွဲအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သိန္နီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ဘိန်းဆီခဲများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ ရက်နေ့ ၂၂၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကလောမြို့နယ်၊ အောင်ပန်း-ရွာငံ သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အောင်ပန်းဘက်မှ ရွာငံဘက်သို့ တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်နေ အားတယ် ၄၉ နှစ်မောင်းနှင်ပြီး ပင်လောင်းမြို့နယ်၊ နောင်ပိကျေးရွာအုပ်စု၊ ဆောင်းခါးကျေးရွာနေ ခွန်မောင်ကိုး ၃၃ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ်ဖြင့်ထုပ်ထားသည့် ဘိန်းဆီခဲအလေးချိန် ၁၂ ကီလို(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၄၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ပန်းနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၅၃၅၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိမှု
ဇူလိုင်လ ၁၆ ရက်နေ့ ၀၉၃၀ အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင်-မန္တလေး အဆင်းကားလမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ယာဉ်မောင်းအားမတွေ့ရှိဘဲ SURF အမျိုးအစား မော်တော်ယာဉ်အား ရှေ့ဝဲဘက်ဘီးပြုတ်၊ ရှေ့လေကာမှန်ကွဲ ပျက်စီးနေပြီး ယာဉ်ပေါ်တွင် မသကင်္ာဖွယ်ဆာလာအိတ်များ တွေ့ရှိသဖြင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရာ ဆာလာအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၅၁၉ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၅၁၉၀)နှင့် ပလတ်စတစ်အိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၈၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၀၁၆၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment