Sunday, July 19, 2020

ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်တွင်း ရင်းနှီးမြှုပ်နှံ မှု ပမာဏ ကန်ဒေါ်လာ ၃၀၈ သန်း ကျော် ဝင်ရောက်


ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ရှိပြီးသားလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၀၈ ဒဿမ ၃၉၄ သန်း အပါအဝင် ကျပ် ၁,၄၅၄,၄၄၅ ဒသမ ၃၇၀ သန်း ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ ၁၀ လတာ ကာလအတွင်း ခွင့်ပြု/အတည်ပြု ပေးခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၄ ခုရှိပြီး ယင်းလုပ်ငန်းများမှ အမေရိကန် ဒေါ်လာ ၂၀၄ ဒဿမ ၅၁၀ သန်း အပါအဝင် ကျပ် ၁,၁၆၂,၂၇၂ ဒဿမ ၂၈၀ သန်း ဝင်ရောက် ထားသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် လုပ်ကိုင်မည့် အမေရိကန် ဒေါ်လာ ၁၁၅ သန်းတန်ဖိုးရှိ ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်း လုပ်ငန်းကို MICက ခွင့်ပြုခဲ့သည်။
ယင်းလုပ်ငန်းသည် စင်ကာပူရင်းနှီးမြှုပ်နှံမှု ပါဝင်သော ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်ပြီး အဆိုပါ လုပ်ငန်းမှလုပ်သားအင်အား ၁၀၀၀ ကျော် အတွက် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ သူများအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍ ၊ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် လယ်ယာကဏ္ဍ များ၌ ပိုမို ရင်းနှီးမြှုပ်နှံလာကြောင်းသိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment