Friday, July 10, 2020

အင်ဒိုနီးရှားတွင် မော်ဒယ်အဖြစ် အလုပ်လုပ်ရမယ်လို့ ဖျားယောင်းသိမ်းသွင်းပြီး အရွယ်မရောက်သေးသူ ၃၀၀ ကျော်နှင့် လိင်ဆက်ဆံခဲ့သည့် အသက် ၆၅ နှစ်အရွယ်ရှိ ပြင်သစ်တစ်ဦး သေဒဏ်ချမှတ်ခံရဖွယ်ရှိ

အင်ဒိုနီးရှားနိုင်ငံမှာ ပြင်သစ်လူမျိုး ပင်စင်စားတစ်ဦးဟာ အသက်မပြည့်သေးတဲ့ ကလေး ၃၀၀ ကျော်နဲ့ လိင်ဆက်ဆံခဲ့မှု၊ သူနဲ့ ဆက်ဆံဖို့ ငြင်းဆန်တဲ့ ကလေးတွေကို ရိုက်နှက်မှု စွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံရဖွယ် ရှိနေတယ်လို့ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။
အသက် ၆၅ နှစ်အရွယ် ဖရန်ကွိုက်စ် ကာမေလီ အေဘယ်လို အား ပြီးခဲ့တဲ့လက မြို့တော် ဂျကာတာရှိ ဟိုတယ်တစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ကာ သူ့အခန်းတွင်းမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးနှစ်ဦးကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
အေဘယ်လိုဟာ ကျူးလွန်ခဲ့မှုတွေကို ဗီဒီယိုရိုက်ယူခဲ့မှု အပါအဝင် အင်ဒိုနီးရှားနိုင်ငံရဲ့ ကလေးသူငယ် အကာအကွယ်ပေးရေး ဥပဒေတွေအရ စွဲချက်များစွာမှာ ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်း ခံရလျှင် ထောင်ဒဏ် တစ်သက် သို့မဟုတ် လက်ရွံ့တပ်ဖွဲ့ရဲ့ ပစ်သတ်စီရင်ခြင်း ခံရနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။
သူဟာ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်ကြားရှိ အရွယ်မရောက်သေးသူ ရာပေါင်းများစွာနဲ့ တရားမဝင် လိင်ဆက်ဆံမှုပြုထားခဲ့တဲ့ ဗီဒီယိုတွေကို သူ့ရဲ့ လက်ပ်တော့ ကွန်ပျူတာအတွင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အပြောအရ ပင်စင်စား ယင်း အမျိုးသားဟာ ပြီးခဲ့တဲ့ ငါးနှစ်ကျော်အတွင်း အင်ဒိုနီးရှားနိုင်ငံကို ခရီးသွားဗီဇာနဲ့ အကြိမ်ကြိမ်ဝင်ရောက်ခဲ့ပြီး အရွယ်မရောက်သေးသူတွေကို ချဉ်းကပ်ကာ မော်ဒယ်အဖြစ် အလုပ်လုပ်ရမယ်လို့ ဖျားယောင်းသိမ်းသွင်းခဲ့ကြောင်း ဂျကာတာ ရဲချုပ် နန်နာဆွတ်ဂျန်နာ က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
သူနဲ့ လိင်ဆက်ဆံဖို့ သဘောတူသူတွေအနေနဲ့ ရူပီး ၂ သိန်းခွဲနဲ့ ၁ သန်း (ကန်ဒေါ်လာ ၁၇ နဲ့ ၇၀ ) အကြား ရဖွယ်ရှိကာ လိင်ဆက်ဆံဖို့ သဘောမတူသူတွေကိုတော့ ကန်ကျောက်၊ ပါးရိုက်၊ ရိုက်နှက်တာတွေ လုပ်ခဲ့တယ်လို့ ရဲက ပြောဆိုပါတယ်။
အေဘယ်လိုဟာ အင်ဒိုနီးရှား ကလေးသူငယ်တွေကို နှစ်များစွာ လိင်ဆက်ဆံနေခဲ့သူဖြစ်တယ်လို့ယုံကြည်ရကာ နောက်ထပ် ကျူးလွန်ခံရသူတွေ ရှိနေနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment