Saturday, July 25, 2020

အသက် ၆ နှစ် အရွယ် ကိုဗစ်လူနာတွင် ရောဂါပိုး ၂ ကြိမ်ဆက် မတွေ့

ချင်းပြည်နယ်မှ အသက် ၆ နှစ်အရွယ် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ Case 318 ကလေးငယ်လေး နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားလိုက်ပါတယ်။
ဒါဟာ ချင်းပြည်နယ်က ပိုးတွေ့လူနာတွေထဲကဆိုရင် အတော်မြန်မြန်ပိုးကင်းတာမို့ ဝမ်းသာစရာဖြစ်ပါတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ဆိုပါတယ်။
ချင်းပြည်နယ် တွန်းဇံမြို့နယ်မှ အသက်(၆)နှစ်အရွယ် အမျိုးသား COVID-19 လူနာ Case(318) လူနာမှာ မိခင်ဖြစ်သူနှင့်အတူ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး တွန်းဇံပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိသူ ဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ COVID-19 ဖြစ်ပွားသူ ၃၄၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း(၂၈၆) ဦးရှိပြီး ၎င်းတို့အနက် (၂၆၉)ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါတယ်လို့ ဖော်ပြထားပါတယ်။
crd-MyanmaPlatform #Myanmar_Online_News
>>Zawgyi<<
အသက် ၆ နှစ် အရွယ် ကိုဗစ်လူနာတွင် ရောဂါပိုး ၂ ကြိမ်ဆက် မတွေ့
Saturday, July 25, 2020
ချင်းပြည်နယ်မှ အသက် ၆ နှစ် အရွယ် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ Case 318 ကလေးငယ်လေး နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားလိုက်ပါတယ်။
ဒါဟာ ချင်းပြည်နယ်က ပိုးတွေ့လူနာတွေထဲကဆိုရင် အတော်မြန်မြန်ပိုးကင်းတာမို့ ဝမ်းသာစရာဖြစ်ပါတယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ဆိုပါတယ်။
ချင်းပြည်နယ် တွန်းဇံမြို့နယ်မှ အသက်(၆)နှစ်အရွယ် အမျိုးသား COVID-19 လူနာ Case(318) လူနာမှာ မိခင်ဖြစ်သူနှင့်အတူ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး တွန်းဇံပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိသူ ဖြစ်ပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ COVID-19 ဖြစ်ပွားသူ ၃၄၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း(၂၈၆) ဦးရှိပြီး ၎င်းတို့အနက် (၂၆၉)ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါတယ်လို့ ဖော်ပြထားပါတယ်။
crd-MyanmaPlatform #Myanmar_Online_News

0 comments:

Post a Comment