Saturday, July 11, 2020

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းနိုင်ငံဘက်ခြမ်းတွင် လုံခြုံရေး ပိုတင်းကျပ်ထား

မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံဘက်ခြင်းမှာ ကိုဗစ် အရေးပေါ်ကာလအတွင်း ကင်းလှည့်စစ်ဆေးတာတွေ ပိုပြီး တင်းကျပ်လာတဲ့အပြင် နယ်စပ်ခြံစည်းရိုး ခတ်တာတွေပါ လုပ်နေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်နဲ့ တာ့ခ်ခရိုင်အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ခိုးဝင်မှုမရှိအောင်ဆိုပြီး နယ်စပ်မှာ သံဆူးကြိုး အကာအရံတွေနဲ့ တားဆီးလုပ်ဆောင်နေရာမှာ အဲဒီ နယ်မြေခံတိုင်းမှူး ဗိုလ်ချုပ်တွေကိုယ်တိုင် ဇူလိုင်လ ၁၀ ရက်က သွားရောက်စစ်ဆေးခဲ့ကြပါတယ်။
တာ့ခ်ခရိုင်အတွင်းမှာတော့ နလေစွမ်တပ် ဗိုလ်ချုပ် Ukrit Natut Khamhaeng က လာရောက်စစ်ဆေးခဲ့ပြီး ချင်းရိုင်ခရိုင်မှာတော့ ဗိုလ်ချုပ် Thanthaphon Kosayasevi က လာရောက်စစ်ဆေးခဲ့ပြီး ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“အခုလို နယ်ခြားမျဉ်းတလျှောက်မှာ အတားအဆီးတွေနဲ့ ကင်းလှည့် စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာဟာ COVID-19 ရောဂါ ထိန်းချုပ်ရေးရဲ့ လုပ်ဆောင်မှု တစိတ်တပိုင်း ဖြစ်ပါတယ်။ မယ်ဆိုင်နယ်ခြားတလျှောက်က နေရာ ၂၂ နေရာမှာ CCTV တိုးမြှင့်တပ်ဆင်ထားပြီး ဒရုန်း ကင်းထောက်ယာဉ်ငယ်တွေနဲ့ပါ ခိုးဝင်လာမယ့်သူတွေကို စောင့်ကြည့်ဖို့အတွက် ပြင်ဆင်ထားပါတယ်။”
ဒီရက်ပိုင်းအတွင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ဘက်ကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းဘတ်ငွေ ၅,၀၀၀ ဒဏ်ရိုက်ခံရမှာဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ မြန်မာအများစုပါတဲ့ နိုင်ငံခြားသား ၃,၀၀၀ ထက်မနည်းကိုလည်း ထိုင်းဘက်က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
Crd : VOA

0 comments:

Post a Comment