Friday, July 10, 2020

မွန်ပြည်နယ်သဘာဝဘေးအတွက် စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်တွင်လုပ်ရန် လိုအပ်ဟု ဆို

မွန်ပြည်နယ် အစိုးရအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်မှာ ဆက်တိုက်လေ့ကျင့်တာတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ လတ်တလော အခြေအနေမှာတော့ သဘာဝဘေး ကြိုတင်ပြင်ဆင်မှုမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတာ မရှိဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက ပြောပါတယ်။
မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေကိုပါ ကော်မတီအရပ်ရပ်မှာ ထည့်သွင်းဖွဲ့စည်းထားတဲ့အပြင် ပြည်နယ်တဝှမ်း ဘေးဒဏ်ခံ အဆောက်အဦ တည်ဆောက်တာနဲ့ စားနပ်ရိက္ခာဝယ်ယူ စုဆောင်းနေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။
မွန်ပြည်နယ် အစိုးရအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ ရေကြီးရေလျှံတာတွေ ဖြစ်ရင် သုံးဖို့ မြို့နယ် ၁၀ မြို့နယ် စလုံးကို စက်လှေတွေ ဖြန့်ဝေပေးထားတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် သဘာဝဘေးကြောင့် လူပေါင်း ၈၀ အထိ သေဆုံးခဲ့တာ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကျပ်သိန်း ၁၂၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
>>Zawgyi<<
မွန်ပြည်နယ်သဘာဝဘေးအတွက် စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်တွင်လုပ်ရန် လိုအပ်ဟု ဆို
Friday, July 10, 2020
မွန်ပြည်နယ် အစိုးရအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်မှာ ဆက်တိုက် လေ့ကျင့်တာတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ လတ်တလော အခြေအနေမှာတော့ သဘာဝဘေး ကြိုတင်ပြင်ဆင်မှုမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတာ မရှိဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက ပြောပါတယ်။
မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေကိုပါ ကော်မတီအရပ်ရပ်မှာ ထည့်သွင်းဖွဲ့စည်းထားတဲ့အပြင် ပြည်နယ်တဝှမ်း ဘေးဒဏ်ခံ အဆောက်အဦ တည်ဆောက်တာနဲ့ စားနပ်ရိက္ခာဝယ်ယူ စုဆောင်းနေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။
မွန်ပြည်နယ် အစိုးရအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ ရေကြီးရေလျှံတာတွေ ဖြစ်ရင် သုံးဖို့ မြို့နယ် ၁၀ မြို့နယ် စလုံးကို စက်လှေတွေ ဖြန့်ဝေပေးထားတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် သဘာဝဘေးကြောင့် လူပေါင်း ၈၀ အထိ သေဆုံးခဲ့တာ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကျပ်သိန်း ၁၂၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment