Thursday, July 23, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိတို့နိုင်ငံရှိ အစိုးရကျောင်းများအား အကောင်းဆုံးပညာသင်ပေးနိုင်တဲ့ အခြေအနေကို ရောက်ရှိစေချင်ကြောင်း ရေးသားဖော်ပြ

အထက်တန်းကျောင်းများ ပြန်လည်စတင်ဖွင့်တာ တတိယမြောက်နေ့ရှိသွားပါပြီ။ ကျန်းမာရေးအဆင့်မီတာကို တွေ့ရတာနဲ့အမျှ ကျောင်းတွေတိုးလို့ ဖွင့်ခွင့်လည်း ပေးနေပါတယ်။ ပြန်လည်ဖွင့်လှစ်ခွင့်ပေးပြီးကျောင်းတွေထဲမှာ ကိုယ်ပိုင်ကျောင်း ၇၆၄ ကျောင်း ပါပါတယ်။
ကိုယ်ပိုင်ကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းချင်တဲ့ ကျောင်းသူကျောင်းသားတွေလည်း ရှိလာပါတယ်။ ပြောင်းရွှေ့လာ မည့်သူအားလုံးကို ဝမ်းသာစွာ လက်ခံမှာပါ။ ကမ္ဘာ့ပညာရေး အဆင့် မြင့်ဆုံးနိုင်ငံအချိို့မှာလိို ကျွန်မတို့နိိုင််ငံမှာလည်း အစိုးရကျောင်းတွေက အကောင််းဆုံးပညာသင်ပေးနိုင်တဲ့အခြေအနေကို ရောက်ရှိစေ ချင်ပါတယ််။
လက်ရှိိကျွန်မတို့နိုင်ငံအခြေအနေအရ ကိုယ်ပိုင်ကျောင်းတွေရဲ့ကဏ္ဍက တန်ဖိုးရှိပါတယ်။ ဒါ့ကြောင့် ဒီကျောင်းတွေ အဆင်ပြေရေးကိုကျွန်မတို့ အလေးထားပါတယ်။ ဘော်ဒါဆောင်နဲ့ ကိုယ်ပိုင်ကျောင်းတွေကို ဖွင့်ပေးရေးကတော့ လောလောဆယ် မဖြစ်သေးပါဘူး။ ကျောင်းသားတွေ၊ မိဘတွေကတော့ ဖွင့်စေချင်ကြပါတယ်။ Quarantine လောက်ကို ဘော်ဒါဆောင်တွေက စိတ်ချရပါတယ်လို့ယူဆချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကမ္ဘာ့အခြေအနေ သုံးသပ်လိုက်တော့ ဘော်ဒါဆောင်တွေမျိုး အနေအထားကို လုံခြုံတယ်လို့ မယူဆနိုင်သေးတာ တွေ့ရှိရပါတယ်။
ကျောင်းသူကျောင်းသားများ ကျန်းမာရေးအတွက် စိတ်ချရတာနဲ့အမျှ ကျောင်းတွေဖွင့်နိုင်ရေးကို ဆောင်ရွက်ပါမယ်။
Crd : Aung San Suu Kyi'Fb #Myanmar_Online_News

0 comments:

Post a Comment