Monday, July 20, 2020

ရွှေသောင်ယံမြို့နယ်ခွဲ၌ ကော်ဖီနှံကောင်များ ကျရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ မကျီးဇင်ကျေးရွာအုပ်စု၊ ချောင်းဝချိုင်၊ ပုန်းညက်မော်၊ ပေါက်လှချိုင်ကျေးရွာများရှိ အုန်းတောတစ်လျှောက် ကော်ဖီနှံကောင်များ အကွက်လိုက်ကျရောက်နေသည့်အတွက် ဇူလိုင်လ (၁၇)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်း/ခရိုင်/မြို့နယ် သီးနှံကာကွယ်ရေးအဖွဲ့များမှ ကွင်းဆင်းပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများ၊ စာစောင်ဖြန့်ဝေခြင်းနှင့် ပိုစတာဖြန့်ဝေခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်း အုန်းခြံများရှိသည့် ရွှေသောင်ယံမြို့၊ ငွေဆောင်မြို့များတွင် ကော်ဖီနှံကောင်များ နှစ်စဉ်ကျရောက်လျက်ရှိပြီး ၊ အပင်ပေါင်း (၃၀၀)မှ (၄၀၀) ခန့် ထိခိုက်မှုရှိခဲ့သည်။ ၎င်းကော်ဖီနှံကောင်များသည် အုန်းပင်၊ ကျွန်းပင်နှင့် သရက်ပင်များကိုသာ စားသောက်တတ်ကြောင်း ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment