Saturday, July 25, 2020

ဂျပန်တွင် လုပ်သားအင်အားရှားပါး၍ စက်ရုပ်များဖြင့် ရေလှောင်တမံတည်ဆောက်မည်

ဂျပန်တွင် လုပ်သားအင်အားရှားပါးခြင်းနှင့် လုပ်သားအင်အားစုအသက် အရွယ်ကြီးလာခြင်းတို့ကြောင့် နိုင်ငံမှအကြီးဆုံး ကုမ္ပဏီ ၅ ခုထဲတွင် ပါဝင်သော အိုဘာယာရှီကော်ပိုရေးရှင်းက လုပ်ငန်းစဉ်တစ်ခုလုံးနီးပါးကို စက်ရုပ်များ အသုံးပြုပြီး ရေလှောင်တမံတည်ဆောက်နေကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံအရှေ့တောင်ဘက်ရှိ အဓိကကျွန်းတစ်ခုပေါ်မှ မဲအီစီရင်စုတွင် တမံတည်ဆောက်မည်ဖြစ်ပြီး ၈၄ မီတာမြင့်မည့်အဆောက်အအုံသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြီးဆုံးရန်ရည်ရွယ်ထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းတွင် စက်ရုံနှင့်အလိုအလျောက်နည်းပညာအမျိုးမျိုးကို အိုဘာယာရှီက စမ်းသပ်နေသည်။
တမံတည်ဆောက်ခြင်းသည် နှစ်ပေါင်းများစွာအတွေ့အကြုံများအပေါ်အခြေခံထားသည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ လိုအပ်သောကြောင့် အိုဘာယာရှီ၏အလိုအလျောက်စနစ်သည် တမံတည်ဆောက်ရေးနှင့် တခြားလက်တွေ့အသုံးချမှုလုပ် ငန်းစဉ်များတွင် အပြောင်းအလဲကြီးကြီးမားမားဖြစ်လာနိုင်သည်။
စက်ရုပ်များအသုံးပြုခြင်းကြောင့် လုပ်ငန်းကြာမြင့်ချိန် ၃၀ ရာခိုင်နှုန်းခန့်ပိုမိုသက်သာကြောင်း အိုဘာယာရှီမှတမံတည်ဆောက် ရေးနည်းပညာအဖွဲ့ခေါင်းဆောင်အကီရာ နာအီတိုကပြောသည်။
ဂျပန်နိုင်ငံ၏ဆောက်လုပ်ရေးလုပ်သားများလျင်မြန်စွာ အသက်ကြီးရင့်နေကြပြီး ၃၅ ရာခိုင်နှုန်းမှာ အသက် ၅၅ နှစ်နှင့်အထက် ရှိနေသည်ဟု ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းအသင်းချုပ်ထံမှသိရသည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<
ဂျပန်တွင် လုပ်သားအင်အားရှားပါး၍ စက်ရုပ်များဖြင့် ရေလှောင်တမံတည်ဆောက်မည်
Saturday, July 25, 2020
ဂျပန်တွင် လုပ်သားအင်အားရှားပါးခြင်းနှင့် လုပ်သားအင်အားစုအသက် အရွယ်ကြီးလာခြင်းတို့ကြောင့် နိုင်ငံမှအကြီးဆုံး ကုမ္ပဏီ ၅ ခုထဲတွင် ပါဝင်သော အိုဘာယာရှီကော်ပိုရေးရှင်းက လုပ်ငန်းစဉ်တစ်ခုလုံးနီးပါးကို စက်ရုပ်များ အသုံးပြုပြီး ရေလှောင်တမံတည်ဆောက်နေကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံအရှေ့တောင်ဘက်ရှိ အဓိကကျွန်းတစ်ခုပေါ်မှ မဲအီစီရင်စုတွင် တမံတည် ဆောက်မည်ဖြစ်ပြီး ၈၄ မီတာမြင့်မည့်အဆောက်အအုံသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြီးဆုံးရန်ရည်ရွယ်ထားသည်။
ဆောက်လုပ်ရေးလုပ်ငန်းတွင် စက်ရုံနှင့်အလိုအလျောက်နည်းပညာအမျိုးမျိုးကို အိုဘာယာရှီက စမ်းသပ်နေသည်။
တမံတည်ဆောက်ခြင်းသည် နှစ်ပေါင်းများစွာအတွေ့အကြုံများအပေါ်အခြေခံထားသည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ လိုအပ်သောကြောင့် အိုဘာယာရှီ၏အလိုအလျောက်စနစ်သည် တမံတည်ဆောက်ရေးနှင့် တခြားလက်တွေ့အသုံးချမှုလုပ် ငန်းစဉ်များတွင် အပြောင်းအလဲကြီးကြီးမားမားဖြစ်လာနိုင်သည်။
စက်ရုပ်များအသုံးပြုခြင်းကြောင့် လုပ်ငန်းကြာမြင့်ချိန် ၃၀ ရာခိုင်နှုန်းခန့်ပိုမိုသက်သာကြောင်း အိုဘာယာရှီမှတမံတည်ဆောက် ရေးနည်းပညာအဖွဲ့ခေါင်းဆောင်အကီရာ နာအီတိုကပြောသည်။
ဂျပန်နိုင်ငံ၏ဆောက်လုပ်ရေးလုပ်သားများလျင်မြန်စွာ အသက်ကြီးရင့်နေကြပြီး ၃၅ ရာခိုင်နှုန်းမှာ အသက် ၅၅ နှစ်နှင့်အထက် ရှိနေသည်ဟု ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းအသင်းချုပ်ထံမှသိရသည်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment