Tuesday, July 21, 2020

ရှဒူဇွပ်ရွာမှာ ရေပြန်တက်၊ ကယ်ဆယ်ရေး လုပ်ငန်းများ အရေးပေါ်လိုအပ်

ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာ ရပ်ကွက်အများစုတွင် ယနေ့ ဇူလိုင် လ ၂၁ ရက် နံနက် ၂နာရီအချိန်ခန့်က ချောင်းရေများ အဆမတန် မြင့်တက်လာမှုကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
" ဒီမနက် ၂နာရီလောက်က ပြန်တက်လာတယ်။ အခု ရှဒူဇွပ်ရွာရဲ့ အများပိုင်းက ရေနှစ်မြုပ် နေပြီ။ တစ်ချို့အိမ်တွေပါ ပါသွားပြီ။ အခု ရေကအရမ်းတက်လာတော့ လှေတွေမရှိဘူး။ အသက်ကယ်လှေတွေ အရေးပေါ်လိုအပ်နေတယ် ''ဟု ရှဒူဇွပ်ဒေသခံ ကိုဇော်ဇော်က ပြောသည်။
ယမန်နေ့ နံနက်ပိုင်းမှာ ရှဒူဇွပ်ကျေးရွာ တံတားဦးရပ်ကွက် အပိုင်း ၄မှာ မိုးကောင်းချောင်းရေကြီးလာပြီး ရပ်ကွက်တစ်ခုလုံး ရေနှစ်မြှပ်ခဲ့ပေမယ့် ယခု မနက် ရေကြီးမှုကြောင့် ရပ် ကွက်အများစုမှာ ရေလွမ်းမှုနှင့် ရင်ဆိုင်နေရပြီး နေအိမ်အချို့ မျှောပါသွားကြောင်း သိရသည်။
ရေကြီးလာမှုကြောင့် အိမ်ခြေရာချီ ဘေးလွတ် ရာသို့ ရွှေ့ပြောင်းနေရကြောင်း၊ သက်ဆိုင်ရာမှ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း ယင်းဒေသခံများက ပြောသည်။
Ref ; EPN

0 comments:

Post a Comment