
ဒစ်ဂျစ်တယ်ငွေကြေး(Bitcoin)လိမ်လည်မှုဟုယူဆရသည့်ဖြစ်ရပ်တစ်ခုအတွင်း ဟက်ကာများက ပစ်မှတ်ထားခဲ့သည့် တွစ်တာ အကောင့်များတွင် အမေရိကန်မှ နာမည်ကြီးပုဂ္ဂိုလ်များထဲ ကုဋေကြွယ်သူဌေး အီလွန်မက်စ်က်၊ ဂျက်ဘီဇို့စ်နှင့် ဘီလ်ဂိတ်တို့လည်းပါဝင်နေသည်။
အမေရိကန်သမ္မတဟောင်းဘားရက် အိုဘားမား၊ သမ္မတလောင်းဂျိုး ဘိုင်ဒန်နှင့် အဆိုတော်ကန်ယေးဝက်စ်တ်တို့၏ တရားဝင်တွစ်တာအကောင့်များကလည်း ဒစ်ဂျစ်တယ်ငွေကြေးမျာအလှူခံခဲ့သည်။
“လူတိုင်းက ကျွန်တော့်ကိုပြန်ပေးဖို့ တောင်းဆိုနေကြတယ်။ ၁၀၀၀ ပေးရင် ကျွန်တော်က ၂၀၀၀ ပြန်ပေးပါမယ်” ဟု မစ္စတာ ဂိတ်၏အကောင့်တွင်ရေးသားထားသည်။
“ကုမ္ပဏီတွင်းစနစ်များနှင့် ပစ္စည်းကိရိယာများကို အသုံးပြုခွင့်ရှိသော”ဝန်ထမ်းများကို ပစ်မှတ်ထားသည့် “ပူးပေါင်းကြံစည်မှု”ဟု တွစ်တာက ယခုဖြစ်ရပ်နှင့်ပတ်သက်၍တုံ့ပြန်ထားသည်။
“အဲဒီဝင်ခွင့်ကို ဟက်ကာတွေသုံးပြီးတော့ အတည်ပြုထားအကောင့်တွေအပါအဝင် လူများများမြင်တွေ့ရတဲ့အကောင့်တွေနဲ့ ပို့စ်တွေကို ပိုင်ရှင်တွေကိုကိုယ်စားထိန်းချုပ်ခဲ့ကြတာလို့ ကျွန်တော်တို့သိပါတယ်”ဟု တွစ်တာကပြောသည်။
ကုမ္ပဏီတွင်းစနစ်များနှင့် ပစ္စည်းကိရိယာများအသုံးပြုခွင့်ကိုကန့်သတ်ရာ၌ သိသာထင်ရှားသည့်လုပ်ရပ်များလုပ်ထားပြီး စုံစမ်း စစ်ဆေးမှုများလည်း ဆက်လက်ပြုလုပ်နေသည်ဟု တွစ်တာက အသိပေးသည်။
“တွစ်တာက ကျွန်တော်တို့အတွက်တော့ ခက်ခဲတဲ့နေ့တစ်နေ့ပါပဲ။ ဒီလိုဖြစ်ခဲ့တာ ကျွန်တော်တို့လည်း တော်တော် စိတ်မ ကောင်းပါဘူး”ဟု တွစ်တာအမှုဆောင်အရာရှိချုပ်ဂျက် ဒေါ်ဆေးက တွစ်တာတွင်ပြောသည်။



Ref : Major US Twitter accounts hacked in Bitcoin scam
Via : BBC
Image – Screenshots from Twitter
0 comments:
Post a Comment