Tuesday, July 14, 2020

အမေရိကန်တွင် ၁၇ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ပေးခံရသူကို ကွက်မျက်ရန် နာရီပိုင်းအလိုတွင် တရားသူကြီးတားမြစ်

အမေရိကန် ပြည်ထောင်စုမှာ ၁၇ နှစ်တာအတွင်း ပထမဆုံးအကြိမ်ဖြစ်မယ့် ပြည်ထောင်စု အစိုးရရဲ့ သေဒဏ် ပြစ်ဒဏ်စီရင်မှုကို ကျင့်သုံးကွက်မျက်ဖို့ နာရီပိုင်းအလိုမှာဘဲ ဖယ်ဒရယ် တရားသူကြီးတဦးက တားမြစ်မိန့် ထုတ်လိုက်ပါတယ်။ အခုလို အပြစ်ပေး ကွက်မျက်မှုကို တားမြစ်လိုက်တာကြောင့် လက်ရှိ ဆေးထိုး အဆုံးစီရင်မှု လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရ ချေပလျှောက်ထားခွင့် ရသွားစေမှာပါ။
တရားရုံးက နောက်ထပ် အမိန့်မချမှတ်ခင်ထိ Daniel Lewis Lee ၊ Wesley Ira Purkey ၊ Sudtin Lee Honken နဲ့ Keith Dwayne Nelson တို့ကို သေဒဏ် စီရင်မှု ဆိုင်းငံ့ထားဖို့ ဖယ်ဒရယ် တရားသူကြီး Tanya S. Chutkan က အမိန့်ချမှတ်ခဲ့တာပါ။ သမ္မတ Donald Trump အစိုးရဘက်ကတော့ သေဒဏ် စီရင် ကွက်မျက်နိုင်ရေး အတွက် အယူခံတင်မယ့် အနေအထား ရှိနေပါတယ်။
အိုကလာဟိုးမား ပြည်နယ် Yukon က လူဖြူအမျိုးသားရေး ဝါဒီ အဖွဲ့ဝင် တဦး ဖြစ်သူ Daniel Lewis Lee ကို အင်ဒီးယားနား ပြည်နယ်က ဖယ်ဒရယ် အစိုးရ အကျဉ်းထောင်တခုမှာ တနလာင်္နေ့ နေ့ခင်းပိုင်းမှာ ဆေးထိုး ကွက်မျက်ဖို့ စီစဉ်ထားတာပါ။ အသက် ၈ နှစ် အရွယ် မိန်းကလေးငယ် အပါအဝင် သုံးဦးပါ မိသားစု တစုကို ၁၉၉၆ ခုနှစ်က သတ်ဖြတ်ခဲ့မှုနဲ့ Daniel Lewis Lee က ပြစ်ဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
Crd : VOA

0 comments:

Post a Comment