Sunday, July 26, 2020

ကျိုက်ထိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၅ ရက်နေ့ ၀၁၀၀ အချိန်တွင် သက်သေ များနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့နယ်၊ စွပ္ပနူး-မုပ္ပလင် သွားလမ်းဘေးတွင် မသင်္ကာဖွယ်စုပုံထားသော ဆာလာအိတ်များအား စစ်ဆေးရာ အဆိုပါဆာလာအိတ်များအတွင်းမှ ထိန်းချုပ်ဓာတု ပစ္စည်း အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၄၄၀၀ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သိမ်ဇရပ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Crd : CCDAC Myanmar #Myanmar_Online_News

0 comments:

Post a Comment