Tuesday, July 21, 2020

ကျောင်းနေရွယ်မိန်းမပျိုလေးများ လိင်အကြမ်းဖက်ခံရပါက ကျောင်းဆက်နေခွင့်ပြုမည်ဟု ဆို

လိင်အကြမ်းဖက် ကျူးလွန်ခံရသော အမျိုးသမီးငယ်များ တစ်ပြေးညီ ပညာဆက်လက် သင်ယူခွင့်ရရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
အချို့သော ကျောင်းများတွင် အဆိုပါ အမှုမျိုး ပေါ်ပေါက်သည့်အခါ ကာယကံရှင် မိန်းမပျိုအား ပညာသင်ယူခွင့် ဆက်ပေးပါက သူမ၏ အတွေ့အကြုံများကို အခြားကျောင်းသူများအား ပြောကြားမည်စိုးရိမ်သောကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် ပညာဆက်လက် သင်ယူခွင့် မပြုခြင်းများ ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ် ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သည်ကို ကလေးသူငယ်အဖြစ် သတ်မှတ်ထားကြောင်း၊ ရာဇသတ်ကြီး ဥပဒေတွင် အသက် ၁၆ နှစ်အောက် လိင်အကြမ်းဖက်မှု ဖြစ်လျှင် ကာယကံရှင် သဘောတူသည့်တိုင် လိင် အကြမ်းဖက်မှုဟု သတ်မှတ် ကြောင်း၊ အသက် ၁၄ - ၁၅ နှစ်အရွယ် မိန်းမငယ်များအတွက် ဆရာ ဆရာမများက စိတ်ဒွိဟ ဖြစ်လျက်ရှိကြောင်း၊ အလိုတူ အလိုပါဟု သတ်မှတ် ဖြေရှင်းသည်များလည်းရှိကြောင်း၊ စာသင်ကျောင်းများမှ ဆရာ ဆရာမ များအတွက် အဆိုပါ အမှုကိစ္စများ ဆောင်ရွက်ရာတွင် စိတ်ဒွိဟ မဖြစ်စေရန် တိကျသည့် လမ်းညွှန်ချက်များရှိစေလိုကြောင်း၊ ကလေးသူငယ် အခွင့်အရေး ကာကွယ်ရေး ဥပဒေအရ ပညာသင်ယူခွင့် ဆက်လက် ရရှိစေရေး မည်သို့ ဆောင်ရွက်ပေးမည်နည်း ဟူသည့် မန္တလေး တိုင်း ဒေသကြီး စဉ့်ကိုင် မဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကြည်မို့မို့လွင်၏ အမေးကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ပြန်လည်ပြောခဲ့ခြင်း ဖြစ်သည်။
ဒုတိယ ဝန်ကြီးက “လိင်အကြမ်းဖက် ခံရသူတွေကို ယာယီလုံခြုံရေးနေရာ စီစဉ်ပေးတာ၊ ကျန်းမာ ရေး စောင့်ရှောက်မှု ရရှိစေဖို့ ချိတ်ဆက်ပေးတာ၊ တရားရေးဆိုင်ရာ ကိစ္စတွေ ချိတ်ဆက် ပေးတာ၊ စိတ်ပိုင်း လူမှုရေးပိုင်း ပံ့ပိုးမှုပေးတာ၊ ပညာဆက်လက် သင်ကြားနိုင်ရေး ညှိနှိုင်းပေးတာနဲ့ အခြားဝန်ဆောင်မှုတွေကို ကျွန်တော်တို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေပါတယ်၊ ကျောင်းသူ ကျောင်းသားတွေကို မည်သည့် ခွဲခြားမှုမျှ မပြုလုပ်ဘဲ ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိပါတယ်” ဟုလည်း ဖြေကြားခဲ့သည်။
လိင်အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများအတွက် Hot Line ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇ ၄၀၄၂၂၂၊ ၀၆၇ ၄၀၄၉၉၉ တို့သို့ တိုင်ကြားနိုင်ပြီး အဆိုပါ တိုင်ကြားမှုများအား စနစ်တကျ တုံ့ပြန် နိုင်ရန် ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များ၌ လူမှု ဝန်ထမ်းဦးစီးဌာနက စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသည့် Case Manager များ ခန့်အပ်ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျူးလွန်ခံရသူ မိန်းကလေးငယ်များ ကိုယ်တိုင်ရဲဝံ့စွာ ကျောင်းပြန်လည် တက်ရောက်နိုင်ရေး အတွက် စိတ်ဓာတ်ခွန်အားပေးခြင်း၊ နှစ်သိမ့်အားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ - ၁၈ ပညာသင်နှစ်မှ စ၍ယနေ့အထိ မိန်းမငယ် ၂၂၅ ဦးတို့အား ပညာ ဆက်လက် သင်ယူနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။
Source - China
>>zawgyi<<
ကျောင်းနေရွယ်မိန်းမပျိုလေးများ လိင်အကြမ်းဖက်ခံရပါက ကျောင်းဆက်နေခွင့်ပြုမည်ဟု ဆို
Tuesday, July 21, 2020
လိင်အကြမ်းဖက် ကျူးလွန်ခံရသော အမျိုးသမီးငယ်များ တစ်ပြေးညီ ပညာ ဆက်လက် သင်ယူခွင့်ရရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနချင်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
အချို့သော ကျောင်းများတွင် အဆိုပါ အမှုမျိုး ပေါ်ပေါက်သည့်အခါ ကာယကံရှင် မိန်းမပျိုအား ပညာသင်ယူခွင့် ဆက်ပေးပါက သူမ၏ အတွေ့အကြုံများကို အခြားကျောင်းသူများအား ပြောကြားမည်စိုးရိမ်သောကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် ပညာဆက်လက် သင်ယူခွင့် မပြုခြင်းများ ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ် ကလေးသူငယ်ဆိုင်ရာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သည်ကို ကလေးသူငယ်အဖြစ် သတ်မှတ်ထားကြောင်း၊ ရာဇသတ်ကြီး ဥပဒေတွင် အသက် ၁၆ နှစ်အောက် လိင်အကြမ်းဖက်မှု ဖြစ်လျှင် ကာယကံရှင် သဘောတူသည့်တိုင် လိင် အကြမ်းဖက်မှုဟု သတ်မှတ် ကြောင်း၊ အသက် ၁၄ - ၁၅ နှစ်အရွယ် မိန်းမငယ်များအတွက် ဆရာ ဆရာမများက စိတ်ဒွိဟ ဖြစ်လျက်ရှိကြောင်း၊ အလိုတူ အလိုပါဟု သတ်မှတ် ဖြေရှင်းသည်များလည်းရှိကြောင်း၊ စာသင်ကျောင်းများမှ ဆရာ ဆရာမ များအတွက် အဆိုပါ အမှုကိစ္စများ ဆောင်ရွက်ရာတွင် စိတ်ဒွိဟ မဖြစ်စေရန် တိကျသည့် လမ်းညွှန်ချက်များရှိစေလိုကြောင်း၊ ကလေးသူငယ် အခွင့်အရေး ကာကွယ်ရေး ဥပဒေအရ ပညာသင်ယူခွင့် ဆက်လက် ရရှိစေရေး မည်သို့ ဆောင်ရွက်ပေးမည်နည်း ဟူသည့် မန္တလေး တိုင်း ဒေသကြီး စဥ့်ကိုင် မဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကြည်မို့မို့လွင်၏ အမေးကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ပြန်လည်ပြောခဲ့ခြင်း ဖြစ်သည်။
ဒုတိယ ဝန်ကြီးက “လိင်အကြမ်းဖက် ခံရသူတွေကို ယာယီ လုံခြုံရေး နေရာ စီစဉ်ပေးတာ၊ ကျန်းမာ ရေး စောင့်ရှောက်မှု ရရှိစေဖို့ ချိတ်ဆက်ပေးတာ၊ တရားရေးဆိုင်ရာ ကိစ္စတွေ ချိတ်ဆက် ပေးတာ၊ စိတ်ပိုင်း လူမှုရေးပိုင်း ပံ့ပိုးမှုပေးတာ၊ ပညာ ဆက်လက် သင်ကြားနိုင်ရေး ညှိနှိုင်းပေးတာနဲ့ အခြား ဝန်ဆောင်မှုတွေကို ကျွန်တော်တို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေပါတယ်၊ ကျောင်းသူ ကျောင်း သားတွေကို မည်သည့် ခွဲခြားမှုမျှ မပြုလုပ်ဘဲ ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိရေး အတွက် အလေးထား ဆောင်ရွက်လျက် ရှိပါတယ်” ဟုလည်း ဖြေကြားခဲ့သည်။
လိင်အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများအတွက် Hot Line ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇ ၄၀၄၂၂၂၊ ၀၆၇ ၄၀၄၉၉၉ တို့သို့ တိုင်ကြားနိုင်ပြီး အဆိုပါ တိုင်ကြားမှုများအား စနစ်တကျ တုံ့ပြန် နိုင်ရန် ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များ၌ လူမှု ဝန်ထမ်း ဦးစီးဌာနက စနစ်တကျ လေ့ကျင့် သင်ကြားပေးထားသည့် Case Manager များ ခန့်အပ် ထားရှိ ဆောင်ရွက်လျက် ရှိကြောင်း၊ ကျူးလွန်ခံရသူ မိန်းကလေးငယ်များ ကိုယ်တိုင် ရဲဝံ့စွာ ကျောင်းပြန် လည် တက်ရောက်နိုင်ရေး အတွက် စိတ်ဓာတ်ခွန်အား ပေးခြင်း၊ နှစ်သိမ့်အားပေးခြင်းတို့ ဆောင် ရွက်လျက်ရှိရာ ၂၀၁၇ - ၁၈ ပညာသင်နှစ်မှ စ၍ယနေ့အထိ မိန်းမငယ် ၂၂၅ ဦးတို့အား ပညာ ဆက်လက် သင်ယူနိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် ညိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။
Source - China

0 comments:

Post a Comment