Tuesday, July 7, 2020

ဖိလစ်ပိုင်ရေတပ် ကမ်းတက်စစ်ဆင်ရေးလေ့ကျင့်ခန်း ဆောင်ရွက်

ဖိလစ်ပိုင်ရေတပ် ကွပ်ကဲမှုအောက်ရှိ အမှတ်(၉)မရိန်းတပ်ရင်းအနေဖြင့် ကမ်းတက်စစ်ဆင်ရေးဆိုင်ရာလေ့ကျင့်ခန်းအား အောင်မြင်စွာ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ လေ့ကျင့်ခန်း အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအစောပိုင်းတွင် လေ့ကျင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းပြီးဆုံး၍ အခြေပြုရာဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိသောအချိန်၌ ဖိလစ်ပိုင် ရေတပ်မှကြိုဆိုခဲ့ကြောင်း တွေ့ရှိရပါသည်။
ဖိလစ်ပိုင်ရေတပ်ဦးစီးချုပ်သည် 'မရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် ကျွမ်းကျင်သော အဏ္ဏဝါစစ်ဆင်ရေးအင်အားစုအဖြစ် အမြဲရပ်တည်နိုင်ရန် လိုအပ်သလို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း' လေ့ကျင့်ခန်းလုပ်ဆောင် ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် မရိန်းတပ်ဝင်များအနေဖြင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ကမ်းတက်စစ်ဆင်ရေးများဆောင်ရွက်ရာတွင် အခက်အခဲများစွာကို ဖြတ်ကျော်ရမည် ဖြစ်သည့်အတွက် မိမိတို့တပ်ဖွဲ့အနေဖြင့် စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်ရေတပ်သည် မိမိရေတပ်အား စွမ်းအား မြှင့်တင်ရာတွင် အနာဂတ်အစီအမံများထားရှိကာ စစ်ရေယာဉ်များအား ပြည်ပနိုင်ငံများမှ ဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ရေးလေ့ကျင့်မှုများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
စစ်ရေးလေ့ကျင့်မှုဆောင်ရွက်ရာတွင် လည်း ပြည်တွင်းရှိ တပ်ဖွဲ့ဝင်များဖြင့်ဖြစ်စေ၊ ပြည်ပနိုင်ငံများဖြင့်ဖြစ်စေ လေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး ရေကြောင်းစွမ်းအား မြင့်မားစေရေးအတွက် ရည်မှန်းချက်ထားကာ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
>>Zawgyi<<

0 comments:

Post a Comment