Tuesday, July 7, 2020

" ထမ့်လွမ်ဂူ " ထဲတွင်ပိတ်မိနေသော ထိုင်းလူငယ် ၁၃ ယောက်ကို ကယ်ဆယ်ရင်း အသက်ပေးဆပ်လိုက်ရတဲ့ ရေငုပ်သမားအတွက် ( ၂ ) ပြည့် ရည်စူးကုသိုလ် ပြုလုပ်

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ကမ္ဘာကျော်ခဲ့သော " ထမ့်လွမ်ဂူ " ထဲတွင် ပိတ်မိနေခဲ့သောလူငယ်တောဝက်အကယ်ဒီဘောလုံးအသင်း (၁၃) ယောက်ကို နိုင်ငံတကာကယ်ဆယ်ရေးကျွမ်းကျင်ရေငုပ်သများနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့စဉ် ထိုင်းရေငုပ်သမား " ဒုတိယရေတပ်ဗိုလ်ဟောင်း စမန် ကူနန်း " ကျာဆဲမ်" ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ညမှာသေဆုံးခဲ့တဲ့အတွက် ( ၂ ) နှစ်ပြည့်အောက်မေ့လွမ်းဆွတ်သတိရတဲ့အနေနဲ့ သူ၏ဇနီးနှင့်အတူ တောဝက်ကလေးများ ၊ဘုရားအမှူးရှိတဲ့သံဃာတော် ၁၀၈ ပါးတို့ကိုပင့်ဖိတ်ကာ ဆွမ်းခဲဖွယ် လှူဘွယ်ဝတ္ထုအစုစုတို့ဖြင့် ထမ့်လွမ်ဂူရှေ့ " ထမ့်လွမ်သူရဲကောင်း ကျာဆဲမ် " ရုပ်ထုရှေ့တွင် ၂၀၂၀ ခုနှစ်ဇူလိုင်လ ၆ ရက်နေ့ကကျင်းပခဲ့ကြပါတယ် ။
" ထမ့်လွမ်သူရဲကောင်း ( သို့မဟုတ် ) ဒုတိယရေတပ်ဒုဗိုလ်ဟောင်း " ကျာဆဲမ်ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ည ၂၀:၃၇ မိနစ်မှာ ကလေးတွေကို ဂူအပြင်ပသို့ အန္တရာယ်ကင်းကင်းဖြင့်ပြန်လည်ထွက်ရှိလာနိုင်ဘို့အတွက် Plan အရ ကလေးများရောက်ရှိ နေတဲ့နေရာ ( ၁၇၀၀ မီတာအရှည် ) အထိ ဂူနံရံတွေမှာ အောက်စီဂျင်ဗူးတွေကိုအရေးပေါ်ချိတ်ထားနိုင်ရေး ဂူထဲကိုရေငုပ်ဝင်သွားရင်းမှ ဇူလိုင်လ ၆ ရက်နေ့ ၂၂:၀၀ အချိန်ဂူထဲမှပြန်အထွက်တွင် Fork ( Sam Yak ) မရောက်ခင် ရေငုပ်နေရင်ူရုတ်တရက်ပါမလာတော့သဖြင့်သွားရောက်ကြည့်ရှု့ရာ ရေထဲတွင်သတိလစ်နေသဖြင့်၎င်းအား Chamber 3 ထိခက်ခက်ခဲသယ်ထုပ်လာပြီး သူနာပြုဆေးတပ်မှကယ်တင်ဘို့ကြိုးစားခဲ့ပေမယ့် လည်း ည ၀၁:၀၀ ချိန်ခန့်တွင်သေဆုံးသွားခဲ့ပါတယ် ။
ဂူပေါက်ဝမှနေ၍ကလေးတွေခိုအောင်းနေတဲ့နေရာအထိ အသွားအပြန် ၁၂ နာရီအချိန်ပေးရပြီး အသွား ၆ နာရီ ၊ အပြန် ၅ နာရီကြာမြင့်ပါတယ် ၊ ဂူထဲမှာ အောက်စီဂျင် ၂၀% ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် အောက်စီဗူးပေါင်း ၇၀၀ နှင့် ဆက်သွယ်ရေးဖုန်းကေဘယ်လ်ကြိုးများ ၅ ကီလိုမီတာအရှည်ကို ရေငုပ်သမားအင်အား (၁၀၀ ) ဖြင့် အဝင်အထွက်လမ်းတစ်လျှောက်နဲ့ ကလေးတွေရှိတဲ့နေရာအထိအဖွဲ့လိုက်ဝင်ရောက်ပို့ဆောင်ချိတ်ဆက်ရတဲ့အတွက် တစ်ချို့နေရာတွေမှာ ရေငုပ်ပြီးသွားရသလို တစ်ချို့နေရာမှာလမ်းလျှောက်သွားရပါတယ် ၊ ခက်ခဲကျဉ်းမြောင်းတဲ့လမ်းတွေလည်းရှိတာမို့
အပြန်လမ်းမှာပင်ပန်းနွယ်နယ်မှုကြောင့်နှင့်အောက်စီဂျင်မလုံလောက်မှုကြောင့်သေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ် ၊ သေဆုံးချိန်တွင်အသက် (၃၈) နှစ်သာရှိပါသေးသည် ။
၂၀၁၈ ဇူလိုင်လ ၂၃ ရက်နေ့ ၊ နေ့လည် ၁၄:၀၀ ချိန့်မှစတင်၍ ဂူထဲတွင်ပိတ်မိနေပြီး ဇူလိုင်လ ၂ ရက်နေ့ည ( ၉ ရက်နှင့် ၅ နာရီ ၄၁ မိနစ် အကြာ ) မှာ ကလေးများကိုရှာဖွေတွေ့ရှိခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့မှာစတင်ပြီးဂူပြင်ပသို့ကယ်ထုတ်မှုလုပ်ငန်းတွေစတင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ် ၊ ဇူလိုင်လ ၁၀ ရက်နေ့ညမှာတော့ ကမ္ဘာကျော်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းကြီးအောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့ကြပါတယ် ။
crd-SiThu Maung #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment