Sunday, July 26, 2020

အစ္စရေးနိုင်ငံ ဂျေရူဆလင်တွင် ဝန်ကြီးချုပ်ကိုဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွား

အစ္စရေးနိုင်ငံဂျေရူဆလင်မြို့မှာရှိတဲ့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ အိမ်ရှေ့မှာမနေ့ကဆန္ဒပြမှုဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ကဝင်ရောက် ရှင်းလင်းခဲ့ပါတယ်။
ဂျေရူဆလင်မြို့သားတွေဟာဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဆိုင်ရာစီမံခန့်ခွဲမှုတွေကိုသဘောမကျတာကြောင့် အခုလိုဆန္ဒပြခဲ့ကြတာပါ။ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့အထိတောင်းဆိုခဲ့ကြပါတယ်။
မြင်းစီးရဲတပ်ဖွဲ့ဝင်တွေဟာဆန္ဒပြသူတွေကိုဝင်ရောက် ဖြိုခွဲခဲ့သလိုမီးသတ်ပိုက်တွေသုံးပြီးတော့လည်းဖြိုခွဲခဲ့ကြပါတယ်။ အမိန့်အတိုင်းနောက်မဆုတ်တဲ့ ဆန္ဒပြသူတွေကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အစ္စရေးဟာဗိုင်းရပ်စ်ကပ်ဘေးစတင်ဝင်ရောက်လာပြီးတဲ့နောက် ကန့်သတ်ပိတ်ပင်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကန့်သတ်မှုတွေပြန်ဖြေလျှော့ပေးလိုက်တဲ့နောက်ပိုင်းမှာကူးစက်မှုပြန်လည်မြင့်တက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းကန့်သတ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေထိခိုက်ခဲ့ပြီးအလုပ်လက်မဲ့နှုန်းမြင့်တက်ခဲ့ပါတယ်။ အစိုးရရဲ့ ဘဏ္ဍာရေးအထောက်အပံ့ စီမံကိန်းဟာလည်းမလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာပါ။
စနေနေ့ကဝန်ကြီးချုပ်အိမ်ရှေ့အပြင် တခြားအစ္စရေးနိုင်ငံတစ်ဝန်းမှာလည်းဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီလထဲမှာဝန်ကြီးချုပ်ကိုအကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ထားတဲ့အမှုအတွက် ရုံးချိန်းလည်းရှိနေပါတယ်။
Source: AP
Crd : OneNews

0 comments:

Post a Comment