Tuesday, July 7, 2020

အသက်(၅၀)နှစ်အရွယ် အတ္တလန်တာ မြို့တော်ဝန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

အသက်(၅၀)နှစ်အရွယ် အတ္တလန်တာ မြို့တော်ဝန် Keisha Lance Bottoms ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အခုလ(၆)ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သူမက ဒီမိုကရက်အမတ် တစ်ဦးလည်းဖြစ်ပါတယ်။ သမ္မတလောင်း ဂျိုးဘိုင်ဒန်က သူသမ္မတအဖြစ် အရွေးခံရရင် ဒု-သမ္မတခန့်အပ်ဖို့လျာထားတဲ့ အမျိုးသမီးတွေထဲမှာ Bottoms လည်းတစ်ဦး အပါအဝင်ဖြစ်ပါတယ်။
Bottoms ဟာ ပြီးခဲ့တဲ့မေလက လူဖြူရဲအရာရှိတစ်ဦးရဲ့ လက်လွန်ဖမ်းဆီးမှုကြောင့် လူမည်းအမျိုးသားဂျော့ဂျ်ဖလွိုက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် လူမျိုးရေးခွဲခြားမှုအဓိကရုဏ်းတွေဖြစ်နေတဲ့ကြားက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ကိုင်တွယ်ခဲ့တဲ့ မြို့တော်ဝန်တစ်ယောက်အဖြစ် မကြာခင်လတွေကပဲ အမျိုးသားရေးပုံရိပ်တွေ ပိုပေါ်လာတာပါ။
Bottoms ဟာ သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို ထောက်ခံအားပေးသူဖြစ်ပြီး၊ ဂျိုးဘိုင်ဒန်ကလည်း Bottoms ကို ဒု-သမ္မတဖြစ်နိုင်ခြေရှိတယ်လို့ တွက်ဆထားတာဖြစ်ပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment