Thursday, July 23, 2020

မြစ်ကြီးနားမြို့ လမ်းတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ယာဉ်များကို နှောင့်ယှက်ဖျက်ဆီး မီးရှို့ သည့် ဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းဖော်ထုတ်ရရှိချက်

၂၀၂၀ဇွန်(၄)ရက်နေ့တွင် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းတည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် Power Five Starကုမ္ပဏီလုပ်ငန်း မှဆွမ်ပရာဘွမ်လမ်းမပေါ်တွင် ရပ်ထားသည့် ရေသယ်ယာဥ် တစ်စီးနှင့်မြေထိုးစက်ယာဥ် တစ်စီး ကို မီးရှို့ဖျက်ဆီး ခံရသည့် ဖြစ်စဥ်ဖြစ်ခဲ့သည်။
ဖြစ်စဥ်နှင့်ပတ်သက်ရျ် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထု ပူးပေါင်းပါဝင် ကူညီ မှုနှင့်အတူ သဲလွန်စရှာဖွေ စုံစမ်းဖော်ထုတ် ခဲ့ရာ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့ညတွင် စပ်ဆက် တရားခံ (၆)ဦးအနက် မီးရှို့သူ (၃) ဦး(ဝန်ခံချက်ရပြီး) စေခိုင်းသူ သံသယရှိ ယာဥ်မောင်း (၁)ဦး (စစ်ဆေးစဲ) ကို ဖော်ထုတ် ရရှိခဲ့ပြီး ကျန် ပါဝင်ပါတ်သက်သူ (၂) ဦး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
သတင်းအသေးစိတ် ထပ်မံတင်ပြပါမည်။
Ref : ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး
Crd : EPN

0 comments:

Post a Comment