Saturday, July 18, 2020

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ရှိ ရေကန်အတွင်း ကလေးငယ် ငါးဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်သေဆုံး

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ရှိ ရေကန်အတွင်း ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းကကလေးငယ် ငါးဦး ရေဆင်းကူးရာမှ နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီထိ ရေနစ်သူ ကလေးငယ် တစ်ဦးသာ ရှာဖွေတွေ့ရှိထားပြီး ကျန်တစ်ဦးကို ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် ထပ်မံရှာဖွေ တွေ့ရှိခဲ့သည်။
“နစ်သွားတာ မိန်းကလေး နှစ်ဦး စနစ်တုန်းက ကျွန်တော်တွေ့လို့ နီးစပ်ရာခေါ်ပြီး ကယ်သေးတယ် မရတော့လို့ သက်ဆိုင်ရာကို အကြောင်းကြားပြီး ဆက်ရှာတာ' ဟု ကလေးငယ် ငါးဦးရေကူးနေချိန်နှင့် ရေနစ်ချိန်တွင် မျက်မြင်တွေ့ရှိကူညီပေးသော ရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။
Ref ; Popolay

0 comments:

Post a Comment