Sunday, July 19, 2020

အမေရိကန် - အိန္ဒိယ ခရီးသည်တင်လေယာဉ်များ ဇူလိုင်လ ၂၃ ရက်ကစပြီး ပြေးဆွဲမည်

လာမယ့်ဇူလိုင် ၂၃ ရက်နေ့မှာ အမေရိကန် - အိန္ဒိယ ခရီးသည်တင်လေယာဉ် စတင်ပြေးဆွဲဖို့အတွက် အိန္ဒိယအစိုးရက သဘောတူလိုက်ပြီ ဖြစ်တယ်လို့ အမေရိကန် သယ်ယူပို့ဆောင်ရေး ဌာနက သောကြာနေ့ မှာ ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုတွေကြောင့် အိန္ဒိယအစိုးရက ဝန်ဆောင်မှု အချိန်ဇယားတွေ အားလုံးပိတ်ပြစ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး စင်းလုံးငှားလေကြောင်းလိုင်းတွေမှာ တရားမျှတမှုမရှိတဲ့ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေးဦးစီးဌာနက စွပ်စွဲခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမေရိကန် လေကြောင်းလိုင်းများနဲ့ ဝါရှင်တန်ရှိ အိန္ဒိယသံရုံးမှ ကိုယ်စားလှယ်တွေက မှတ်ချက်ပေးခဲ့ခြင်း မရှိပါဘူး။
အိန္ဒိယနိုင်ငံ မြို့ပြလေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနက အမေရိကန်၊ ယူအေအီး၊ ပြင်သစ်၊ ဂျာမနီနဲ့အတူ အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းမှု လုပ်ငန်းတွေ ပိုမိုတိုးချဲ့သွားမှာဖြစ်ပြီး အလားတူ အစီအစဉ်တွေကိုလည်း အခြားနိုင်ငံတွေနဲ့အတူ လုပ်ဆောင်နေလျက်ရှိကြောင်း၊ အခြားနိုင်ငံတွေအတွက်လည်း လေကြောင်းလိုင်းတွေ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သူ့ရဲ့တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment