Tuesday, July 7, 2020

အမေရိကန်တွင် တောမီးပြင်းထန်စွာ လောင်ကျွမ်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းနှင့်မြောက်ပိုင်း၊ ဆန်တာ-ကလာ-ရီတာ၊ မော်ဂန်ဟေး နှင့် ဂေးလ်ရွိုင်မြို့တို့မှာ လောင်ကျွမ်းနေသည့် တောမီးများကို မီးသတ်သမားများက ကြိုးစားငြိမ်းသတ်နေရကြောင်း သိရပါသည်။
တောမီးကြောင့် ကားလမ်းအချိူ့ကိုလည်း ပိတ်ထားခဲ့ရသလို ကယ်ဆယ်ရွှေ့ပြောင်းရေးများကိုလည်း ပြုလုပ်ခဲ့ရပြီး တောမီးများကို ရဟတ်ယာဉ်များ အသုံးပြုရေပက်ဖျန်း ငြိမ်းသတ်နေရပါသည်။
ကယ်လီဖိုးနီးယားပြည်နယ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကိုလည်း တိုက်ဖျက်နေရပြီး သီတင်း(၂)ပတ်ကျော်ကြာ ကာလအတွင်း ဆေးရုံတက်ရောက်သူ လူနာ(၅၆)ရာခိုင်နှုန်း တိုးမြင့်လာခဲ့ ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment