Saturday, July 25, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တားဆီးပိတ်ဆို့စဉ် ဖမ်းဆီးညှင်းပန်းလျှက်ရှိတယ်လို့ အယ်လ်ဂျားဇီးယားသို့ ပြောကြားသဖြင့် အလိုရှိနေခဲ့သူ ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား မလေးရှားက ဖမ်းဆီးရမိ

ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ မဟုတ်မမှန်သော အချက်အလက်ပေါင်းများစွာတို့ကို ကာတာနိုင်ငံအခြေစိုက် Al Jazeera အယ်လ်ဂျားဇီးယားသတင်းဌာနအား ပြောကြားခဲ့သဖြင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက အလိုရှိနေသူ ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက ပြောဆိုသည်ဟု bdnews24 က ယမန့်နေ့ရေးသားသည်။
သောကြာနေ့ ညနေတွင် တိမ်းရှောင်ပုန်းအောင်းနေသူ အသက် ၂၅ နှစ်အရွယ် မိုဟာမက်ရေဟန်ကဘား အမည်ရှိ ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား ကွာလာလန်ပူမြို့ ဂျလန်ပါဟန်ကွန်ဒိုမီနီယံတွင် ဖမ်းဆီးရမိကြောင်း The New Straits Times သတင်းစာဖော်ပြချက်အရ သိရှိရသည်။
ကဘားသည် မလေးရှားတွင် ကိုရိုနာဗိုင်းရပ်ရောဂါ မပြန့်ပွားရေး တားဆီးပိတ်ဆို့ထားခိုက် အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများမှာ တရားလက်လွတ်ဖမ်းဆီးခံနေရကြောင်း အယ်လ်ဂျာဇီးယားနှင့်တွေ့ဆုံစဉ် ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့သူ နိုင်ငံခြားသားများအနက် တစ်ဦးဖြစ်သည်။ ၎င်းအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ စစ်ဆေးမေးမြန်းရန် ၎င်း၏နိုင်ငံကူးလက်မှတ်၊ နောက်ဆုံး နေရပ်လိပ်စာနှင့်တကွ အလိုရှိကြောင်း သတင်းထုတ်ပြန်ထားခြင်းခံရသည်။
အယ်လ်ဂျာဇီးယား၏ “ မလေးရှားတွင် တားဆီးပိတ်ဆို့ခိုက် ဖမ်းဆီးချုပ်နှောင်ခြင်းများ “ အမည်ရှိ အငြင်းပွားဖွယ်ရာ သတင်းမှတ်တမ်းရုပ်သံတွင် Lock down အမိန့်ထုတ်ပြန်ထားစဉ် မလေးရှားရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသဖြင့် အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများ ရာထောင်ချီလျှက် ဒုက္ခရောက်ရပုံကို ဖော်ပြထားသည်ဆို၏။
အဆိုပါ မှတ်တမ်းရုပ်ရှင်ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အွန်လိုင်းလူမှုကွန်ရက်၌ ဝေဖန်ပြောဆိုမှုများ ဖြစ်ခဲ့ရသည်။ မလေးရှားအရာရှိများကမူ သတင်းရုပ်သံမှာ တိကျခြင်းမရှိ၊ လိုရာဆွဲ၍ မတရားဖော်ပြထားခြင်းများသာြဖစ်ကြောင်း ချေပခဲ့သည်။
အထောက်အထားမဲ့ ဝင်ရောက်လာသူများနှင့်ပတ်သက်သည့် သတင်းမှာ မှန်ကန်ခြင်းမရှိ အယ်လ်ဂျားဇီးယားအနေဖြင့် နိုင်ငံတော်အား လူမျိုးကြီးဝါဒီနှင့် လူမျိုးခွဲခြားဆက်ဆံသူအဖြစ် စွပ်စွဲရာရောက်သည့်အတွက် တောင်းပန်ရမည်ဟု မလေးရှားကာကွယ်ရေးဝန်ကြီး အီစမန်ဆာဘရီယာကွတ်က ပြောဆိုသည်။ အယ်လ်ဂျားဇီးယား မီဒီယာ၏ မလေးရှားအခြေစိုက် သတင်းထောက်များကိုလည်း ခေါ်ယူ စစ်ကြောခဲ့သည်။
အယ်လ်ဂျာဇီးရားကမူ ၎င်းတို့သည် စာနယ်ဇင်းပညာ၏ ပရိုဖက်ရှင်နယ်ပီသမှု၊ အရည်အသွေးနှင့် ဘက်မလိုက်မှုဘောင်အတွင်းမှ သတင်းဖော်ပြခြင်းသာဖြစ်ြကြောင်း ခုခံပြောဆိုပြီး မလေးရှားအာဏာပိုင်တို့က ရာဇဝတ်ကြောင်း စုံစမ်းစစ်ဆေးမှုများအား ရုပ်သိမ်းရန်တောင်းဆိုခဲ့သည်။
crd-Oung Marine #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တားဆီးပိတ်ဆို့စဉ် ဖမ်းဆီးညှင်းပန်းလျှက်ရှိတယ်လို့ အယ်လ်ဂျားဇီးယားသို့ ပြောကြားသဖြင့် အလိုရှိနေခဲ့သူ ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား မလေးရှားက ဖမ်းဆီးရမိ
Saturday, July 25, 2020
ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ မဟုတ်မမှန်သော အချက်အလက်ပေါင်းများစွာတို့ကို ကာတာနိုင်ငံအခြေစိုက် Al Jazeera အယ်လ်ဂျားဇီးယားသတင်းဌာနအား ပြောကြားခဲ့သဖြင့် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက အလိုရှိနေသူ ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက ပြောဆိုသည်ဟု bdnews24 က ယမန့်နေ့ရေးသားသည်။
သောကြာနေ့ ညနေတွင် တိမ်းရှောင်ပုန်းအောင်းနေသူ အသက် ၂၅ နှစ်အရွယ် မိုဟာမက်ရေဟန်ကဘား အမည်ရှိ ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား ကွာလာလန်ပူမြို့ ဂျလန်ပါဟန်ကွန်ဒိုမီနီယံတွင် ဖမ်းဆီးရမိကြောင်း The New Straits Times သတင်းစာဖော်ပြချက်အရ သိရှိရသည်။
ကဘားသည် မလေးရှားတွင် ကိုရိုနာဗိုင်းရပ်ရောဂါ မပြန့်ပွားရေး တားဆီးပိတ်ဆို့ထားခိုက် အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူများမှာ တရားလက်လွတ်ဖမ်းဆီးခံနေရကြောင်း အယ်လ်ဂျာဇီးယားနှင့်တွေ့ဆုံစဉ် ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့သူ နိုင်ငံခြားသားများအနက် တစ်ဦးဖြစ်သည်။ ၎င်းအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ စစ်ဆေးမေးမြန်းရန် ၎င်း၏နိုင်ငံကူးလက်မှတ်၊ နောက်ဆုံး နေရပ်လိပ်စာနှင့်တကွ အလိုရှိကြောင်း သတင်းထုတ်ပြန်ထားခြင်းခံရသည်။
အယ်လ်ဂျာဇီးယား၏ “ မလေးရှားတွင် တားဆီးပိတ်ဆို့ခိုက် ဖမ်းဆီးချုပ်နှောင်ခြင်းများ “ အမည်ရှိ အငြင်းပွားဖွယ်ရာ သတင်းမှတ်တမ်းရုပ်သံတွင် Lock down အမိန့်ထုတ်ပြန်ထားစဉ် မလေးရှားရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသဖြင့် အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများ ရာထောင်ချီလျှက် ဒုက္ခရောက်ရပုံကို ဖော်ပြထားသည်ဆို၏။
အဆိုပါ မှတ်တမ်းရုပ်ရှင်ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အွန်လိုင်းလူမှုကွန်ရက်၌ ဝေဖန်ပြောဆိုမှုများ ဖြစ်ခဲ့ရသည်။ မလေးရှားအရာရှိများကမူ သတင်းရုပ်သံမှာ တိကျခြင်းမရှိ၊ လိုရာဆွဲ၍ မတရားဖော်ပြထားခြင်းများသာဖြစ်ကြောင်း ချေပခဲ့သည်။
အထောက်အထားမဲ့ ဝင်ရောက်လာသူများနှင့်ပတ်သက်သည့် သတင်းမှာ မှန်ကန်ခြင်းမရှိ အယ်လ်ဂျားဇီးယားအနေဖြင့် နိုင်ငံတော်အား လူမျိုးကြီးဝါဒီနှင့် လူမျိုးခွဲခြားဆက်ဆံသူအဖြစ် စွပ်စွဲရာရောက်သည့်အတွက် တောင်းပန်ရမည်ဟု မလေးရှားကာကွယ်ရေးဝန်ကြီး အီစမန်ဆာဘရီယာကွတ်က ပြောဆိုသည်။ အယ်လ်ဂျားဇီးယား မီဒီယာ၏ မလေးရှားအခြေစိုက် သတင်းထောက်များကိုလည်း ခေါ်ယူ စစ်ကြောခဲ့သည်။
အယ်လ်ဂျာဇီးရားကမူ ၎င်းတို့သည် စာနယ်ဇင်းပညာ၏ ပရိုဖက်ရှင်နယ်ပီသမှု၊ အရည်အသွေးနှင့် ဘက်မလိုက်မှုဘောင်အတွင်းမှ သတင်းဖော်ပြခြင်းသာဖြစ်ြကြောင်း ခုခံပြောဆိုပြီး မလေးရှားအာဏာပိုင်တို့က ရာဇဝတ်ကြောင်း စုံစမ်းစစ်ဆေးမှုများအား ရုပ်သိမ်းရန်တောင်းဆိုခဲ့သည်။
crd-Oung Marine #Myanmar_Online_News

0 comments:

Post a Comment