Thursday, July 23, 2020

ပြည်သူ့ပါတီ အနေဖြင့် လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၁၀ ခုတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရ

ပြည်သူ့ပါတီသည် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းရှိ မြို့နယ် ၁၀ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း တိုင်းပြည်သူ့ပါတီဥက္ကဋ္ဌ ဦးသီဟ က ပြောသည်။
ပုသိမ်၊ ကျုံပျော်၊ သာ ပေါင်း၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူနှင့် မော်လမြိုင်ကျွန်းမြို့ နယ်များတွင် ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် နေရာများမှ ဝင်ရောက်ယှဉ်ပြိုင် ရန်စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။
‘‘အခုပြောတာက အကြမ်း ဖျင်းပဲ ရှိပါသေးတယ်။ ၈၈ မျိုးဆက်တွေထဲမှာ နိုင်ငံရေးကို သိပ် စိတ်ဝင်စားပြီးတော့ တစိုက်မတ် မတ်လုပ်နေတဲ့ သူတွေရှိပါတယ်။ ပါတီဝင်မဟုတ်ပေမယ့် သူတို့ စိတ်ဝင်စားတယ်ဆိုလို့ရှိရင် လာ ရောက်ဆောင်ရွက်ပေးဖို့ ကျွန် တော်တို့ ဖိတ်ခေါ်ထားတာ ရှိပါ တယ်။ နောက် အတတ်ပညာရှင် မျိုးစုံကိုလည်း ဖိတ်ခေါ်ထားပါ တယ်။ အခုရက်ထဲမှာ ထပ်ပြီး တော့တိုးလာဖို့ ရှိပါသေးတယ်’’ ဟု ဦးသီဟက ပြောသည်။
အဆိုပါနေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် ၃၀ ဦးရှိသည်ဟု ဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် ကို ဗစ်ရောဂါကြောင့် လူစုလူဝေး ဆောင်ရွက်ခွင့်မရသဖြင့် ပါတီ ဝင်အချင်းချင်း တွေ့ဆုံရန်ပင် ခက်ခဲနေကြောင်း၊ ယင်းကြောင့် မဲဆွယ်စည်းရုံးရေးကာလတွင် ပါ တီ၏မူဝါဒများနှင့် လုပ်ဆောင်မှု များကို ပြည်သူသို့ချပြရန် လုံ လောက်သော အချိန်မရမည်ကို စိုးရိမ်ကြောင်း ဦးသီဟက ပြော ကြားသည်။
Crd : 7Days

0 comments:

Post a Comment