Wednesday, July 22, 2020

ဂျပန်ရေတပ်နှင့် ဖိလစ်ပိုင်ရေတပ်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်

ဂျပန်ရေတပ်မှ Akizuka အတန်းအစား ဖျက်သင်္ဘော JS Teruzuki (DD-116) သည် ဂျပန်ရေတပ်၏ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေစဉ်တွင် ဖိလစ်ပိုင် ရေတပ်မှ Beechcraft King Air C-90 အမျိုးအစား ကင်းလှည့်လေယာဉ်ဖြင့် ပင်လယ်ပြင်၌ ရေကြောင်းဆိုင်ရာဆက်သွယ်ရေးလေ့ကျင့်ခန်းအား ပူးပေါင်းလေ့ကျင့်ခဲ့ကြောင်း သတင်းဌာနများ၏ ၂၁-၇-၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အဆိုပါလေ့ကျင့်ခန်းအား ဖိလစ်ပိုင်ပင်လယ် အနောက်ပိုင်းတွင် လေ့ကျင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းပြုလုပ်စဉ်တွင် အခက်အခဲမရှိဘဲ အောင်မြင် စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါလေ့ကျင့်ခန်းအား ပူးပေါင်းဆောင်ရွက်ခြင်း၏ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ရေတပ်အကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တွင် အထောက်အကူဖြစ်စေရန်အတွက် လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
၎င်းလေယာဉ်များသည် ဘက်စုံအသုံးဝင်သော ကင်းလှည့်လေယာဉ်များဖြစ် ပြီး အမေရိကန်နိုင်ငံ Beechcraft ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းလေယာဉ်များအား အမေရိကန်ရေတပ်၊ ဂျပန်ရေတပ်နှင့် ဖိလစ်ပိုင်ရေတပ် တို့တွင် လက်ရှိအချိန်၌ အသုံးပြုလျက်ရှိပါသည်။ ဂျပန်ရေတပ်မှ လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဖျက်သင်္ဘောသည် လက်ရှိအခြေအနေတွင် ဂျပန်ရေတပ်၏ ပိုင်နက်ပင်လယ်တွင် စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသည့် စစ်ရေ ယာဉ်တစ်စီးဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ်လတွင် တပ်တော်ဝင်ခဲ့သော စစ်ရေယာဉ်ဖြစ် ကြောင်းသုံးသပ်တွေ့ရှိရပါသည်။
>>Zawgyi<<
ဂျပန်ရေတပ်နှင့် ဖိလစ်ပိုင်ရေတပ်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်
Wednesday, July 22, 2020
ဂျပန်ရေတပ်မှ Akizuka အတန်းအစား ဖျက်သင်္ဘော JS Teruzuki (DD-116) သည် ဂျပန်ရေတပ်၏ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေစဉ်တွင် ဖိလစ်ပိုင် ရေတပ်မှ Beechcraft King Air C-90 အမျိုးအစား ကင်းလှည့်လေယာဉ်ဖြင့် ပင်လယ်ပြင်၌ ရေကြောင်းဆိုင်ရာဆက်သွယ်ရေးလေ့ကျင့်ခန်းအား ပူးပေါင်းလေ့ကျင့် ခဲ့ကြောင်း သတင်းဌာနများ၏ ၂၁-၇-၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အဆိုပါလေ့ကျင့်ခန်းအား ဖိလစ်ပိုင်ပင်လယ် အနောက်ပိုင်းတွင် လေ့ကျင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းပြုလုပ်စဉ်တွင် အခက်အခဲမရှိဘဲ အောင်မြင် စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါလေ့ကျင့်ခန်းအား ပူးပေါင်းဆောင်ရွက်ခြင်း၏ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ရေတပ်အကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တွင် အထောက်အကူဖြစ်စေရန်အတွက် လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
လေ့ကျင့်ခန်းတွင်ပါဝင်ဆောင်ရွက်ခဲ့သည့် Beechcraft King Air C-90 အမျိုးအစား ကင်းလှည့်လေယာဉ်သည် ဖိလစ်ပိုင်ရေတပ်ထံသို့ ဂျပန်နိုင်ငံမှ လှူဒါန်းထားသော စစ်လေယာဉ်ဖြစ်ပါသည်။ ၎င်းအမျိုးအစား လေယာဉ်လှူဒါန်းမှုတွင် ပထမအစီးအား ၂၁-၁၁-၂၀၁၇ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအစီးအား ၁၉-၃- ၂၀၁၈ ရက်နေ့တွင်လည်းကောင်း၊ တတိယအစီးအား ၁၂-၅-၂၀၁၈ ခုနှစ်တွင်လည်း ကောင်း၊ စတုတ္ထအစီးအား ၁၈-၃-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ပ ဉ္စမအစီးအား ၂၀-၈-၂၀၁၉ ရက်နေ့တွင်လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
၎င်းလေယာဉ်များသည် ဘက်စုံအသုံးဝင်သော ကင်းလှည့်လေယာဉ်များဖြစ် ပြီး အမေရိကန်နိုင်ငံ Beechcraft ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းလေယာဉ်များအား အမေရိကန်ရေတပ်၊ ဂျပန်ရေတပ်နှင့် ဖိလစ်ပိုင်ရေတပ် တို့တွင် လက်ရှိအချိန်၌ အသုံးပြုလျက်ရှိပါသည်။ ဂျပန်ရေတပ်မှ လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဖျက်သင်္ဘောသည် လက်ရှိအခြေအနေတွင် ဂျပန်ရေတပ်၏ ပိုင်နက်ပင်လယ်တွင် စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသည့် စစ်ရေ ယာဉ်တစ်စီးဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ်လတွင် တပ်တော်ဝင်ခဲ့သော စစ်ရေယာဉ်ဖြစ် ကြောင်းသုံးသပ်တွေ့ရှိရပါသည်။

0 comments:

Post a Comment