Saturday, July 25, 2020

ထိုင်းတွင် ဝန်ကြီးချုပ် ပရာယွတ်ဓါတ်ပုံကို မီးရှို့ကာ နုတ်ထွက်ပေးရေး လူငယ်များ ဆန္ဒပြ

ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှား လူငယ်တွေဟာ သောကြာနေ့က အစိုးရအိမ်တော်အပြင်မှာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ ဓါတ်ပုံကို မီးရှို့ခဲ့ကြပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ကြီးချုပ် ရာထူးနုတ်ထွက်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြမှုလေးတွေ ပြည်နယ် ခြောက်ခုထက်မနည်းမှာ ဖြစ်ပေါ်ခဲ့စဉ်မှာပဲ ပါတီတွင်း အချင်းများမှုတွေကြောင့် အစိုးရအဖွဲ့က နုတ်ထွက်သွားတဲ့ ဝန်ကြီး ၆ ဦး ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဆိုးဝါးနေတဲ့ အရာတွေကို မိမိတို့ မီးရှို့ပစ်ချင်ကြောင်း၊ မိမိတို့ ဒီမိုကရေစီအတွက် အားထားယုံကြည်ဖွယ်မရှိ၊ မျှတခြင်းမရှိတဲ့ အခြေခံဥပဒေကြောင့် ပရာယွတ်ဟာ ရာထူးဆက်ရှိနေခဲ့ကြောင်း အသက် ၂၀ အရွယ် ဆန္ဒပြလူငယ်တစ်ဦးဖြစ်တဲ့ နီဝီဘွန်း ချွမ်ဖူးက ပြောဆိုခဲ့ပါတယ်။
ပရာယွတ်ဟာ စီးပွားရေး ပြန်လည်ဦးမော့လာရေး လုပ်ဆောင်ရမယ့် ပြင်းထန်တဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်နေရကာ ယခုနှစ်မှာ နိုင်ငံရဲ့ စီးပွားရေး ၈.၁ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ကာ အဓိကအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်စဉ်ရဲ့ သက်ရောက်မှုတွေကြောင့် အလုပ်အကိုင် ဆုံးရှုံးရသူ ၇ သန်းကနေ ၈ သန်းလောက်ထိ ရှိလာနိုင်တယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပါတယ်။
လူငယ်အုပ်စုတွေဟာ သီတင်းပတ်ကုန်ပိုင်းမှာ ဆန္ဒပြမှုတွေ ထပ်မံလုပ်ဆောင်ဖို့ စီစဉ်ထားကြပါတယ်။
၂၀၁၄ ခုနှစ် အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်း အကြီးဆုံး အစိုးရဆန့်ကျင် ဆန္ဒပြမှုအဖြစ် ပြီးခဲ့တဲ့ စနေနေ့က လူဦးရေ ၂၅၀၀ လောက်ဟာ ပရာယွတ်နုတ်ထွက်ပေးရေး ချီတက်ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြမှုအတွင်း သြဇာကြီး ဘုရင်စနစ်အပေါ် အနုတ်လက္ခဏာဆောင်တဲ့ ဆန္ဒထုတ်ဖော်မှုအချို့လည်းဖြစ်ပေါ်ခဲ့ပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<
ထိုင်းတွင် ဝန်ကြီးချုပ် ပရာယွတ်ဓါတ်ပုံကို မီးရှို့ကာ နုတ်ထွက်ပေးရေး လူငယ်များ ဆန္ဒပြ
Saturday, July 25, 2020
ထိုင်း နိုင်ငံရေး တက်ကြွလှုပ်ရှား လူငယ်တွေဟာ သောကြာနေ့က အစိုးရအိမ်တော်အပြင်မှာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ ဓါတ်ပုံကို မီးရှို့ခဲ့ကြပြီး ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးဖို့တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ကြီးချုပ် ရာထူးနုတ်ထွက်ပေးရေး တောင်းဆိုတဲ့ ဆန္ဒပြမှုလေးတွေ ပြည်နယ် ခြောက်ခုထက်မနည်းမှာ ဖြစ်ပေါ်ခဲ့စဉ်မှာပဲ ပါတီတွင်း အချင်းများမှုတွေကြောင့် အစိုးရအဖွဲ့က နုတ်ထွက်သွားတဲ့ ဝန်ကြီး ၆ ဦး ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဆိုးဝါးနေတဲ့ အရာတွေကို မိမိတို့ မီးရှို့ပစ်ချင်ကြောင်း၊ မိမိတို့ ဒီမိုကရေစီအတွက် အားထားယုံကြည်ဖွယ်မရှိ၊ မျှတခြင်းမရှိတဲ့ အခြေခံဥပဒေကြောင့် ပရာယွတ်ဟာ ရာထူးဆက်ရှိနေခဲ့ကြောင်း အသက် ၂၀ အရွယ် ဆန္ဒပြလူငယ်တစ်ဦးဖြစ်တဲ့ နီဝီဘွန်း ချွမ်ဖူးက ပြောဆိုခဲ့ပါတယ်။
ပရာယွတ်ဟာ စီးပွားရေး ပြန်လည်ဦးမော့လာရေး လုပ်ဆောင်ရမယ့် ပြင်းထန်တဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်နေရကာ ယခုနှစ်မှာ နိုင်ငံရဲ့ စီးပွားရေး ၈.၁ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ကာ အဓိကအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်စဉ်ရဲ့ သက်ရောက်မှုတွေကြောင့် အလုပ်အကိုင် ဆုံးရှုံးရသူ ၇ သန်းကနေ ၈ သန်းလောက်ထိ ရှိလာနိုင်တယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပါတယ်။
လူငယ်အုပ်စုတွေဟာ သီတင်းပတ်ကုန်ပိုင်းမှာ ဆန္ဒပြမှုတွေ ထပ်မံလုပ်ဆောင်ဖို့ စီစဉ်ထားကြပါတယ်။
၂၀၁၄ ခုနှစ် အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်း အကြီးဆုံး အစိုးရဆန့်ကျင် ဆန္ဒပြမှုအဖြစ် ပြီးခဲ့တဲ့ စနေနေ့က လူဦးရေ ၂၅၀၀ လောက်ဟာ ပရာယွတ်နုတ်ထွက်ပေးရေး ချီတက်ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြမှုအတွင်း သြဇာကြီး ဘုရင်စနစ်အပေါ် အနုတ်လက္ခဏာဆောင်တဲ့ ဆန္ဒထုတ်ဖော်မှုအချို့လည်းဖြစ်ပေါ်ခဲ့ပါတယ်။
crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment