Wednesday, July 22, 2020

ချစ်သုဝေနှင့်ဖခင်ကို တရားစွဲရန် ကြိုးပမ်းမှု ခရိုင်တရားရုံးက လက်ခံပြီး လာမည့် ဇူလိုင်လ ၂၉ရက်နေ့တွင်ပြန်လည် ကြားနာမည်

နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားနှင့်ပတ်သက်ပြီး ချစ်သုဝေနှင့် ဖခင်ဖြစ်သူကို သာသနာညိုးနွမ်းစေမှုဖြင့် တရားရုံးဦးတိုက် တရားစွဲမှုကို သင်္ဃန်းကျွန်း မြို့နယ်တရားရုံးက ပယ်ချခဲ့ပြီးနောက် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက်တက်ခဲ့ရာ ခရိုင်းတရားရုံးတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း တရားလို ရှေ့နေ ဦးအေးပိုင်က ပြောဆိုသည်။
မြို့နယ်တရားရုံး၏ အမှု ပလပ်မှုကို အရှေ့ပိုင်း ခရိုင်တရားရုံးသို့ ပြင်ဆင်ချက်တက်ခဲ့ရာ ဇူလိုင်လ ၁၆ရက်နေ့တွင် ခရိုင်တရားရုံးက လက်ခံလိုက်ပြီး လာမည့် ဇူလိုင်လ ၂၉ရက်နေ့တွင်အရှေ့ပိုင်းခရိုင်တရားရုံးတွင် လျှောက်လဲချက်တင်ပြီး ကြားနာမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည် ။
အရှေ့ပိုင်းခရိုင်တရားရုံးက နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်များကို ကြားနာပြီးနောက် အမိန့်တစ်ခု ထပ်မံချမှတ်လိမ့်မည်ဟု သိရှိရသည်။
" ခရိုင်တရားရုံးကနေပြီးတော့ အောက်ရုံးအမှု တွဲကိုတောင်းခေါ်လိုက်မယ်။ ကျွန်တော်တို့နဲ့ နိုင်ငံတော် ဘက်က လိုက်ပါမယ့် ဥပဒေအရာရှိနဲ့ နှစ်ဖက်ကို လျောက်လဲချက် ကြားနာမယ်ပေါ့ နော်။ကြားနာပြီးတော့မှာ ခရိုင်တရားရုံးကနေပြီးတော့ အမိန့်တစ်ခုချမှာပေါ့" ဟု ဦးအေးပိုင်က ရှင်းပြသည်။
ချစ်သုဝေဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက "သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ရဲစခန်းရဲ့ အစီရင်ခံစာအရ သူတို့ ဦးတိုက်လျောက်တိုက်အမှုကို ပယ်လိုက်တာလေ။ ပယ်လိုက်တော့ သူတို့က ပြင်ဆင်မှုတက်ခွင့်ရှိတယ်။ ခရိုင်တရားရုံးကို အခုလက်ခံ ထားတယ်ဆိုတာ ပြင်ဆင်မှုကိုလက်ခံထားတာ။ ကြားနာရမှာပေါ့ ။ ဘာမှ မှတ်ချက်ပေးဖို့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးက အဆုံးအဖြတ်မချရသေးဘူး " ပြောဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ပန်းချီကားနှင့်ပတ်သက်ပြီး သရုပ်ဆောင်ချစ်သုဝေနှင့် ဖခင်ဖြစ်သူ ဦးဇော်ဝင်းတို့ကို သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် အမျိုးသားရေးလှုပ်ရှားသူ ရှေ့နေ ဦးအေးပိုင်က တရားရုံးဦးတိုက်လျှောက်ထားခဲ့ကာ ဇူလိုင်လ ၉ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ပလပ်ခဲ့ခြင်းဖြစ်သည်။
crd-Khit Thit Media #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment