Thursday, July 16, 2020

အိမ်ထောင်ကျပြီး ကလေးမရသည့် အမျိုးသမီးတစ်ဦးက ရက်သားခန့်ရှိသည့် ကလေးငယ်ကို ခိုးယူမှု အင်းစိန်ဆေးရုံကြီးတွင် ဖြစ်ပွား

အိမ်ထောင်ကျပြီး ကလေးမရ၍ အမျိုးသမီးတစ်ဦးသည် မီးဖွားပြီး ရက်သားခန့်ရှိသည့် ကလေးငယ်ကို ခိုးယူမှု အင်းစိန်မြို့နယ်၊ အင်းစိန်ဆေးရုံကြီး၌ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ထန်းပင်ကုန်းအုပ်စု၊ စံပယ်လမ်း၊ အမှတ် (၁၁၆)နေတရားလို ဒေါ်---သည်မီးဖွားရက်နီး၍ဇူလိုင်(၉)ရက်နေ့၌အင်းစိန်ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ပါတယ်။ထိုနောက် ဇူလိုင်(၁၀)ရက်နေ့၌ မီးဖွားပြီးနောက် အမည်မသိ အမျိုးသမီးတစ်ဦးသည် ကလေးငယ်ကို ဝိုင်းဝန်းကူညီလုပ်ပေးခဲ့ပါတယ်။
ထိုနောက် ဇူလိုင်(၁၁)ရက်နေ့၌ ကာကွယ်ဆေး ထိုးရမည်ဟု ပြောဆို၍ ကလေးငယ်ကို အဆိုပါအမျိုးသမီးက ခေါ်ဆောင်သွားခဲ့ပါတယ်။ ထိုနောက်ကလေးငယ်သည် ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ မိခင်ဖြစ်သူနှင့်မိသားစုဝင်များက ဇူလိုင်(၁၄)ရက်နေ့၌အင်းစိန်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်ရာ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းအုပ်စု၊ ဝါးဖြူတောကျေးရွာ၊ လေထီးလမ်း နေ ဒေါ်စန်းစန်းမိုး ကို ၎င်း၏နေအိမ်၌ ခိုးယူသွားသည့် ကလေးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူ ဒေါ်စန်းစန်းမိုး အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးရာ စစ်ဆေးရာ ၎င်းသည် ခင်ပွန်း ဦး-----နှင့် အတူ လက်ထပ် ပေါင်းသင်းခဲ့ပြီးကလေးရရှိြခင်းမရှိသောကြောင့် လင်မယားချင်းနေ့စဉ်စကားများနေခဲ့ရပါတယ်။ ထိုကြောင့် ဇူလိုင်(၉)ရက်နေ့၌ နေအိမ်မှ ထွက်ခွာခဲ့ပြီး အင်းစိန်အမျိုးသမီးသားဖွားမီးယပ်ဆောင်သို့ သွားရောက်ခဲ့ကာ ဇူလိုင်(၁၁)ရက်၌ ကလေးခိုးယူခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်၌ ကျူးလွန်ခဲ့သည့် အမျိုးသမီးကို ဥပဒေနှင့်အညီ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဇူလိုင်(၁၆)ရက်နေ့၌ သတင်းထုတ်ပြန်လိုက်ပါတယ်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<
အိမ်ထောင်ကျပြီး ကလေးမရသည့် အမျိုးသမီးတစ်ဦးက ရက်သားခန့်ရှိသည့် ကလေးငယ်ကို ခိုးယူမှု အင်းစိန်ဆေးရုံကြီးတွင် ဖြစ်ပွား
Thursday, July 16, 2020
အိမ်ထောင်ကျပြီး ကလေးမရ၍ အမျိုးသမီးတစ်ဦးသည် မီးဖွားပြီး ရက်သားခန့်ရှိသည့် ကလေးငယ်ကို ခိုးယူမှု အင်းစိန်မြို့နယ်၊ အင်းစိန်ဆေးရုံကြီး၌ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ထန်းပင်ကုန်းအုပ်စု၊ စံပယ်လမ်း၊ အမှတ် (၁၁၆)နေတရားလို ဒေါ်---သည်မီးဖွားရက်နီး၍ဇူလိုင်(၉)ရက်နေ့၌အင်းစိန်ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ပါတယ်။ထိုနောက် ဇူလိုင်(၁၀)ရက်နေ့၌ မီးဖွားပြီးနောက် အမည်မသိ အမျိုးသမီးတစ်ဦးသည် ကလေးငယ်ကို ဝိုင်းဝန်းကူညီလုပ်ပေးခဲ့ပါတယ်။
ထိုနောက် ဇူလိုင်(၁၁)ရက်နေ့၌ ကာကွယ်ဆေး ထိုးရမည်ဟု ပြောဆို၍ ကလေးငယ်ကို အဆိုပါအမျိုးသမီးက ခေါ်ဆောင်သွားခဲ့ပါတယ်။ ထိုနောက်ကလေးငယ်သည် ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ မိခင်ဖြစ်သူနှင့်မိသားစုဝင်များက ဇူလိုင်(၁၄)ရက်နေ့၌အင်းစိန်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်ရာ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းအုပ်စု၊ ဝါးဖြူတောကျေးရွာ၊ လေထီးလမ်း နေ ဒေါ်စန်းစန်းမိုး ကို ၎င်း၏နေအိမ်၌ ခိုးယူသွားသည့် ကလေးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူ ဒေါ်စန်းစန်းမိုး အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးရာ စစ်ဆေးရာ ၎င်းသည် ခင်ပွန်း ဦး-----နှင့် အတူ လက်ထပ် ပေါင်းသင်းခဲ့ပြီးကလေးရရှိခြင်းမရှိသောကြောင့် လင်မယားချင်းနေ့စဉ်စကားများနေခဲ့ရပါတယ်။ ထိုကြောင့် ဇူလိုင်(၉)ရက်နေ့၌ နေအိမ်မှ ထွက်ခွာခဲ့ပြီး အင်းစိန်အမျိုးသမီးသားဖွားမီးယပ်ဆောင်သို့ သွားရောက်ခဲ့ကာ ဇူလိုင်(၁၁)ရက်၌ ကလေးခိုးယူခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်၌ ကျူးလွန်ခဲ့သည့် အမျိုးသမီးကို ဥပဒေနှင့်အညီ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဇူလိုင်(၁၆)ရက်နေ့၌ သတင်းထုတ်ပြန်လိုက်ပါတယ်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment