Saturday, July 25, 2020

ချင်းပြည်နယ်က အသက် (၆) နှစ်အရွယ် လူနာအမှတ်(၃၁၈) ဒီနေ့ ဆေးရုံဆင်းပြီ

အသက် (၆) နှစ်အရွယ် လူနာအမှတ်(၃၁၈)သည် နှစ်ကြိမ်ဆက်ပိုးမတွေ့သည့်အတွက် ယနေ့နံနက်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဇမ်ကျင်က အတည်ပြုပြောကြားသည်။
အိန္ဒိယနိုင်ငံမှပြန်ရောက်ရှိလာသော အဆိုပါကလေးငယ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် အတည်ပြုလူနာအမှတ်(၃၁၈)အဖြစ် ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် တီးတိန်ဆေးရုံ၌ ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။
အထက်ပါ လူနာကလေးငယ်အား ဆေးရုံစတက်သည့်နေ့တွင် တီးတိန်ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက ဆော့စရာကားရုပ်များ၊ ကလေး၏ခန္ဓာကိုယ်တွင် ပါဝါရိန်းဂျားအပြာရောင်ဝတ်စုံနှင့်အတူ ကျောပိုးအိတ်တစ်လုံးတို့ကိုပေးအပ်ခဲ့သည့်အပြင် ယခုဆေးရုံဆင်းချိန်၌လည်း ကလေးစီးစက်ဘီးတစ်စီးပေးရန် စီစဉ်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
crd-7daynews #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment