Tuesday, July 21, 2020

ရွှေဂဲရေထိန်းတံခါး (ရေဆိုးထုတ်မြောင်း) ကျိုးပေါက်မှု တရုတ်ကုမ္ပဏီတွင် အဓိကတာဝန်ရှိ၍ တာဝန်ယူမှုများပြုလုပ်မည်ဟု တရုတ်ကုမ္ပဏီဆို

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဧရာ၀တီမြစ်တာရိုး၊ စစ်ကိုင်း-မန္တလေးလမ်း၊ ဒေါ်အေးကြင် ထမင်း ဆိုင်အနီးရှိ ရွှေဂဲရေထိန်းတံခါး (ရေဆိုးထုတ်မြောင်း) ကျိုးပေါက်မှုနှင့်ပတ်သက်၍ ရွှေဂဲရေ ဆိုးထုတ်စက်ရုံ စီမံကိန်းကို တာဝန်ယူ တည်ဆောက်နေသော တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီက ယင်းတို့တွင် တာဝန်ရှိသည်ဟု ၀န်ခံ ပြောကြားလိုက်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
အဆိုပါ ရွှေဂဲရေ ဆိုးထုတ်စက်ရုံ စီမံကိန်းကို တာဝန်ယူ တည်ဆောက်နေသည့် ကုမ္ပဏီမှာ တရုတ်နိုင်ငံအခြေ စိုက် CEEC-HEPDI & CNOOD ကုမ္ပဏီ ဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Joint Venture ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လက စတင်ခဲ့ပြီး တည်ဆောက်ရေးကာလကို ကနဦး ၁၀ လ သတ် မှတ်၍ ထပ်တိုးကာလကို ၈ လ သတ်မှတ်ထားခဲ့ကြောင်း ယင်းနောက် ဒုတိယအကြိမ် အဆိုပြုထပ်တိုးကာလကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
စီမံကိန်း၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅၉ သန်း ဖြစ်ကြောင်းလည်း မန္တဆလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စာရင်းများ အရ သိရသည်။
“ကတ္တရာလမ်းအောက်မှာရှိတဲ့ မြေသားက လွယ်လွယ်ပြောရရင် မကျစ်လစ်ဘူး ။ အဲ့ဒီမြေသား ရဲ့အ ရှေ့ဘက်မှာ ရေဆိုးထုတ် သန့်စင်တဲ့ စီမံကိန်းလုပ်နေတယ် ။စီမံကိန်းက အောက်ထဲမှာ ချိုင့်တွေ အနက်ကြီး တူးထားတယ် ။ အဲဒီလို တူးထားပြီးတော့ ကိုဗစ်ဖြစ်တဲ့အခက်အခဲကြောင့် ပြီးအောင် မလုပ်နိုင်ဘူး ။ပြီးအောင် မလုပ်နိုင်တဲ့ အတွက်ကြောင့် ရေကန်ကြီး ဖြစ်နေတယ် ။ တစ်ဖက်က အနိမ့်ဖြစ် နေတယ် ။ တစ်ဖက်က ရေနဲ့ မြေနဲ့က အမြင့်ဖြစ်နေတယ် ။ အဲဒီတော့ ရေက လမ်းအောက်က မြေ နည်းနည်းလေး ပွနေတယ် ။ မြေနည်းနည်းလေး ပွနေတဲ့နေရာကနေပြီးတော့ တဖြည်းဖြည်း ရေစိမ့်ထွက်ပြီး နောက်တော့ လုံးဝကို ရေစီးကြောင်းကြီးဖြစ်ပြီးတော့ ချောင်းကြီးလိုဖြစ်ပြီး ရေစားပြီးတော့မှ ကျသွားတယ် ။ တာဝန်ရှိတဲ့ တရုတ်ကုမ္ပဏီနဲ မြို့ တော်ဝန်ကြီး ဦးဆောင်ပြီးတော့ ဆွေးနွေးနေတယ် ။ သူတို့ အနေနဲ့ ဒီလို ရေနစ်မြုပ်သွားတဲ့ ကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကို ဝန်ခံပါတယ် ။ လိုအပ်တဲ့ တာဝန်ယူမှုတွေကို တာဝန်ယူသွားမယ်လို့ပြောတယ် ။ သူတို့က ADB AFBရဲ ချေးငွေနဲ့လုပ်တယ် ။ နိုင်ငံတကာ တင်ဒါတွေဘာတွေခေါ်ပြီးတော့မှ စီစစ်ရွေးချယ်ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ် ။ စည်ပင်က ပေးထားတာ မဟုတ်ဘူး ။ ကျနော်တို့ စည်ပင်က မပါဘူးတော့ မဟုတ်ဘူး ပါတယ် ။ ရွေးချယ်တဲ့ အပိုင်း ပေါ့ ။ အဓိက ADB ၊ AFB ကနေ နိုင်ငံတကာ တင်ဒါတွေခေါ်ပြီးတော့ ရွေးချယ်ပြီးတော့မှ စာချုပ် တွေ ချုပ်ပေးခဲ့တာ ။ မြို့တော်စည်ပင်က တပိုင်းတစအဖြစ်တော့ပါတယ် ။သို့သော် အဓိက ဆောင်ရွက် တာကတော့ ADB ၊ AFB ရဲ့ အစီအမံနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်”ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၀င် ဦးကျော်ဆန်းမြင့်က ပြောသည်။
ယင်းတာရိုးကျိုးပေါက်ခဲ့မှုကြောင့် အိမ်ထောင်စုပေါင်း ၂၄၇၁ စု၊ လူဦးရေ ၁၂၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရကြောင်း၊ယခုအခါ မန္တလေးတိုင်းဒေသကြီး အစိုးရမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် ညနေပိုင်းက ယင်းတာရိုးကျိုးပေါက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်ည ၇ နာရီခွဲအချိန်ခန့်တွင် ကျိုးပေါက်နေသော တာရိုးအပေါက်ကို ကျောက်ခဲများချကာ ထိန်းသိမ်းနိုင်ခဲ့ကာ ပြုပြင်ထိန်း သိမ်းမှုများ ဆက်လက်လုပ်ဆောင်နေရသေးကြောင်း သိရသည်။
Ref ; ပန်ပန်/Myanmar Harp Media

0 comments:

Post a Comment