Saturday, July 18, 2020

မော်လမြိုင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းပေးလျက်ရှိ

မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွင်းပေါက်ရောက်နေသော ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ဇူလိုင်လ ၁၈ ရက်နေ့က ပြုလုပ်ကြကြောင်း သိရပါသည်။
နံနက် (၇:၀၀) နာရီမှစတင်ပြီး မော်လမြိုင်မြို့ရှိ အမှတ်(၆)နှင့်အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း များတွင် ခြုံနွယ်ပိတ်ပေါင်း ရှင်းလင်းခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါသည်။ Covid-19 ကပ် ရောဂါကြောင့် ကျောင်းများပိတ်ထားရပြီးနောက်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ကာ အထက်တန်းအဆင့်ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာရေးအတွက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ် ဦးစီးမှူး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်ရဲ့တပ်ဖွဲ့ဝင်များ၊ ပြည်နယ်အထူးစုံစမ်းရေးဌာန အဖွဲ့ဝင်များ၊ ပြည်နယ်အကျဉ်းဦးစီးဌာနမှအဖွဲ့ဝင်များ၊ မော်လမြိုင်တပ်နယ်မှ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့မှစေတနာ့ဝန်ထမ်းများ စုပေါင်းပြီး သန့်ရှင်းရေးပြုလုပ်ပေးကြခြင်း ဖြစ်ပါသည်။ ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းအရ မော်လမြိုင်မြို့နယ် တွင် ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းပေးရမည့် ကျောင်းစုစုပေါင်း(၂၈) ကျောင်းရှိပြီး အဆိုပါကျောင်းများကို တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်ငန်းများ နေ့စဉ်ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို အဖွဲ့စုံဖြင့် လိုအပ်သည့် နေရာများတွင် အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရပါသည်။
Ref ; MRTV

0 comments:

Post a Comment